Xiaomi Mi 10 မှာ LPDDR5 RAM ပါမည်

Xiaomi က ဒီလထဲမှာ Mi 10 နဲ့ Mi 10 Pro ကို ကြေညာတော့မှာဖြစ်ပြီး 5G ပါလာနိုင်ပါတယ်။ အခုတော့ ကုမ္ပဏီရဲ့ အရာရှိ ၁ ယောက်က အဲဒီ ဖုန်းတွေမှာ Micron က ထုတ်တဲ့ LPDDR5 RAM Chips ထည့်သွင်းထားမယ်လို့ အတည်ပြုလိုက်ပါတယ်။


Xiaomi Marketing နဲ့ Xiaomi Japan ရဲ့ အထွေထွေမန်နေဂျာ Zhiyuan Zang က ဒီသတင်းကို တွစ်တာကနေ ကြေညာလိုက်တာ ဖြစ်ပါတယ်။ အမေရိကန် ကုမ္ပဏီရဲ့ 12GB RAM Chips သုံးထားတဲ့ Xiaomi ရဲ့ ပထမဆုံး စမတ်ဖုန်းတွေ ဖြစ်လာတော့မှာပါ။ သူ့ရဲ့ ဒေတာ ပေးပို့နှုန်းက 6.4 Gbps ဖြစ်ပြီး Mi 10 ရဲ့ 5G Speeds က စံနှုန်း ပြည့်မှီမှာပါ။

လက်ရှိမှာ Samsung ဟာ စမတ်ဖုန်းတွေအတွက် LPDDR5 DRAM ထုတ်လုပ်နေတဲ့ အထင်ကရ ကုမ္ပဏီ ၁ ခု ဖြစ်ပါတယ်။ Samsung Galaxy S20 ဖုန်းတွေမှာသာ အဲဒီ Chip မပါလာဘူးဆိုရင် Xiaomi Mi 10 ဟာ LPDDR5 DRAM ပါတဲ့ ပထမဆုံး စမတ်ဖုန်းတွေထဲက ၁ လုံးဖြစ်လာမှာပါ။

Ref : gsmarena

%d bloggers like this: