5G နဲ့ S865 ပါတဲ့ ZTE Axon 10s Pro ကို ကြေညာပြီ

ZTE က Axon 10s Pro ကို ဝက်ဘ်ဆိုက်ကနေ ကြေညာလိုက်ပါပြီ။ သူ့မှာ Snapdragon 865 Chipset မောင်းနှင်ထားပြီး 6/12GB RAM နဲ့ 128/256GB Storage တွေ ရွေးချယ်နိုင်ပါတယ်။ လျှင်မြန်တဲ့ LPDDR5 နဲ့ UFS 3.0 Chips တွေ သုံးထားတဲ့အတွက် ဖုန်းရဲ့ စွမ်းရည်က မြန်မှာပါ။

RAM နဲ့ File System ရဲ့ Read/Write စွမ်းရည်ကို တိုးတက်စေတဲ့ RAM-Booster နဲ့ FS-Booster တို့လည်း ထည့်သွင်းပေးထားပါတယ်။ Android 10 အခြေပြု MiFavor 10 မောင်းနှင်ထားပါတယ်။ 5G နဲ့ Wifi 6 တွေ ထည့်သွင်းထားပြီး Link-Booster က အင်တာနက်လိုင်းတွေကို ပေါင်းစည်းပြီး ၅၀ ရာခိုင်နှုန်း ပိုမြန်အောင် လုပ်ပေးနိုင်ပါတယ်။

၆.၄၇ လက်မ AMOLED Full HD မျက်နှာပြင် ထည့်သွင်းထားပြီး 19.5:9 Aspect Ratio ပါပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါလာပြီး အရွယ်သေး Notch မှာ 20MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 48MP ပင်မ ကင်မရာ ၊ 8MP Telephoto နဲ့ 20MP Ultrawide-angle တွေ ပါပါတယ်။

5G ဖုန်းမှာ 4,000mAh ဘက်ထရီပဲ ပါတာက သိပ်မမိုက်ပေမယ့် Quick Charge 4+ ထည့်သွင်းထားပါတယ်။ ကြိုးမဲ့ အားသွင်း စနစ် ပါလားဆိုတာ မသိရသေးပါဘူး။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၃၂၀၀ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၆ သိန်း ၆ သောင်းလောက်ရှိပါတယ်။

Ref : gsmarena

%d bloggers like this: