Samsung LPDDR5 RAM ပါလာမယ့် Nubia Red Magic 5G

Nubia Red Magic 5G မှာ 16GB RAM အထိ ပါလာနိုင်ပြီး Air Cooling ပါတဲ့အတွက် ဂိမ်းတွေ ကစားရင် အပူလွန်ကဲတာကို ကာကွယ်ပေးပါတယ်။ ဥက္ကဌ Ni Fei က ဖုန်းမှာ ပန်ကာပါမယ်ဆိုတာလည်း အတည်ပြုထားပြီးပါပြီ။ သူ့မှာ 64MP Sony IMX686 ပင်မ ကင်မရာနဲ့အတူ အပို ကင်မရာ ၂ လုံးပါလာမယ်လို့ သတင်းထွက်နေပါတယ်။

အခုတော့ Fei က အဲဒီ ဖုန်းရဲ့ မော်ဒယ်အားလုံးမှာ Samsung LPDDR5 RAM ကို ပုံသေ စံနှုန်းနဲ့ ထည့်သွင်းပေးမယ်လို့ အတည်ပြုလိုက်ပါတယ်။ Samsung ရဲ့ LPDDR5 ဟာ နောက်ဆုံးပေါ် စံနှုန်း ၁ ခု ဖြစ်ပြီး အရင်မျိုးဆက် LPDDR4X ထက် ၅၀ ရာခိုင်နှုန်း ပိုမြန်ပါတယ်။ ဒေတာ ပေးပို့မှုက 6,400Mbps အထိ ရှိပါတယ်။

တရုတ်က 3C မှာ အဲဒီဖုန်းကို မှတ်ပုံတင်လိုက်ပြီဖြစ်တဲ့အတွက် ထင်ထားတာထက် ပိုစောပြီး မိတ်ဆက်ဖို့ နီးစပ်နေပြီထင်ပါတယ်။ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်တွေအရ အဲဒီဖုန်းရဲ့ မော်ဒယ်နံပါတ်ဟာ NX659J ဖြစ်ပြီး လိုအပ်တဲ့ စမ်းသပ်ချက် အားလုံးကို အောင်မြင်ပြီးပါပြီ။ အဲဒီအတွက် သူ့ကို ရောင်းချဖို့ အဆင်သင့် ဖြစ်နေပါပြီ။ အဲဒီ ဖုန်းမှာ 5G ဆက်သွယ်မှု ပါမယ်ဆိုတာ 3C မှာ ဖော်ပြထားပါတယ်။ Qualcomm ရဲ့ နောက်ဆုံးထုတ် Snapdragon 865 Chipset မောင်းနှင်ထားမှာ သေချာသလောက်ရှိပါတယ်။

3C မှာ 55W Charger ပါမယ်လို့ ဖော်ပြထားတဲ့အတွက် အားသွင်းနှုန်းက ဖလန်းဖလန်းထနေမှာ သေချာပါတယ်။ အရင်ပေါက်ကြားထွက်ပေါ်ခဲ့တဲ့သတင်းအရ သူ့မှာ 144Hz Refresh Rate ပါလာမယ်လို့ သိရတဲ့အတွက် ဖုန်း သုံးရင်၊ ဂိမ်းကစားရင် အရမ်းကို မြန်နေမှာပါ။ 120Hz Refresh Rate ထက် သာသွားတဲ့ ပထမဆုံး ဖုန်း ဖြစ်လာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: