၁၁ ရက်နေ့မှာ Redmi ဖုန်း အသစ်ကို ကြေညာမည်

Redmi က ၁၁ ရက်နေ့မှာ စမတ်ဖုန်း အသစ် ၁ လုံးကို အိန္ဒိယမှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ ကုမ္ပဏီက အဲဒီ စမတ်ဖုန်းအတွက် ဝက်ဘ်စာမျက်နှာ ၁ ခုကို လွှင့်တင်ထားပြီးဖြစ်ပြီး အနောက်ကင်မရာ ၂ လုံး တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ အလန်းစား Portraits တွေ ရိုက်ကူးနိုင်မယ်လို့ ဖော်ပြထားပါတယ်။ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာမယ့်အတွက် ဘက်ထရီ သက်တမ်း အရမ်းမိုက်မှာပါ။

Redmi က စမတ်ဖုန်း နာမည်ကို မပြောသေးပါဘူး။ ဒါပေမယ့် ကုမ္ပဏီက “Desh Ka Dumdaar Smartphone “ Tagline ကို သုံးထားတဲ့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလက အိန္ဒိယမှာ ကြေညာခဲ့တဲ့ Redmi 8A ရဲ့ မျိုးဆက်သစ် ဖြစ်နိုင်ပါတယ်။ Tagline ရဲ့ အဓိပ္ပါယ်က အိန္ဒိယရဲ့ စွမ်းရည်မြင့် စမတ်ဖုန်း ဖြစ်ပြီး Redmi 8A တုန်းကလည်း အဲဒီ Tagline ကို သုံးထားတာပါ။

Redmi က ၁၁ ရက်နေ့မှာ တခြား ထုတ်ကုန် အသစ် ၁ ခုကို ကြေညာမယ်လို သတင်းပေးထားပြီး #MorePowerToRedmi Tagline ကို သုံးထားတဲ့အတွက် ပါဝါဘန့် အသစ် ၁ လုံးကို မိတ်ဆက်နိုင်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်တွေကို တရားဝင် သိရဖို့ သိပ်မလိုတော့ပါဘူး။

Ref : gsmarena

%d bloggers like this: