Xiaomi ရဲ့ ဒေါ်လာ ၇၅၀ တန် Mi Notebook Air တရားဝင်ထွက်ရှိလာပြီ

Xiaomi ပရိတ်သတ်တွေ နှစ်ရှည်လများ မျှော်လင့်စောင့်စားနေကြတဲ့ Mi Notebook ကတော့ ယနေ့ပဲ တရားဝင်ထွက်ရှိလာပြီဖြစ်ပါတယ်။

Xiaomi ကုမ္ပဏီဟာ Mi Notebook Air လို့ နာမည်ပေးထားတဲ့ လက်ပ်တော့အသစ်နဲ့ Redmi Pro စမတ်ဖုန်းတို့ကို ဘေဂျင်းမြို့မှာ ပြုလုပ်ထားတဲ့ ကုန်ပစ္စည်းအထူးမိတ်ဆက်ပွဲမှာ ထုတ်ဖော်ပြသသွားခဲ့တာ ဖြစ်ပါတယ်။ Redmi Pro ဖုန်းအကြောင်းကို သက်သက်ဖော်ပြပေးသွားမှာဖြစ်ပြီး၊ ယခုတော့ Mi Notebook Air ကိုပဲ အဓိကထား ပြောပြပေးသွားမှာပါ။

Mi Notebook Air ဟာ Xiaomi ကုမ္ပဏီရဲ့ ပထမဆုံးလက်ပ်တော့ဖြစ်ပြီး၊ Windows 10 စနစ်သုံး လက်ပ်တော့ဖြစ်ပါတယ်။ အရွယ်အစားအနေနဲ့ စွမ်းဆောင်ရည်ပိုကောင်းတဲ့  မျက်နှာပြင် ၁၃.၃ လက်မအကျယ် Mi Notebook Air နဲ့ သယ်ဆောင်ရပေါ့ပါးလွယ်ကူတဲ့ ၁၂.၅ လက်မအကျယ် Mi Notebook Air ဆိုပြီး နှစ်မျိုးရရှိမှာပါ။

အဆိုပါလက်ပ်တော့မော်ဒယ်နှစ်ခုစလုံးဟာ ပါးလျတဲ့ကိုယ်ထည်၊ full HD (1920×1080 pixels) မျက်နှာပြင်၊ အောက်ခံမီးအလင်းရောင်ပါတဲ့ကီးဘုတ် နဲ့ USB Type-C အားသွင်းပေါက်တို့ ပါဝင်ပြီး၊ ဒီဇိုင်းကလည်း သတ္တုကိုယ်ထည်နဲ့ လှပကြော့ရှင်းမှုရှိတာ တွေ့ရပါတယ်။ အရောင်ကတော့ ရွှေရောင်နဲ့ ငွေရောင်ဆိုပြီး နှစ်မျိုး ရရှိမှာပါ။ ထူးခြားချက်က ဒီဇိုင်းပိုင်းဦးစားပေးထားလို့ Xiaomi လိုဂိုကိုတောင် ကိုယ်ထည်အပြင်ဘက်မှာ မထည့်ထားတာတွေ့ရပါတယ်။

s.aolcdn.com

xiaomi-mi-notebook-air-mi-band

Xiaomi ထုတ်ကုန်တွေအတိုင်း ထူးခြားချက်က ဘာလဲဆိုရင်တော့ အမြင့်ဆုံးမော်ဒယ် 13.3in Mi Notebook Air ကိုတောင် နည်းတယ်လို့ ဆိုနိုင်တဲ့ ၇၅၀ ဒေါ်လာဈေးနဲ့ ရရှိမှာပါ။

၁၃.၃ လက်မအကျယ်ရှိတဲ့ Mi Notebook  Air မှာ Intel Core i5-6200U ပရိုဆက်ဆာပါရှိပြီး၊ အမြင့်ဆုံးမြန်နှုန်း 2.7GHz အထိ ရရှိနိုင်ပါတယ်။ RAM အနေနဲ့လည်း DDR4 8GB RAM ပါရှိပြီး ၊ storage ပိုင်းမှာလည်း 256GB SSD ပါဝင်ပါတယ်။ တကယ်လို့ storage ထပ်တိုးချင်တယ်ဆိုရင်လည်း SATA slot တစ်ခု အပိုပါရှိပြီး၊ 256GB အထိ ထပ်တိုးနိုင်ပါတယ်။

mi-notebook-air-13.3

ဂရပ်ဖစ်မှာတော့ 1GB DDR5 RAM ပါရှိတဲ့ Nividia GeForce 940MX GPU သက်သက်ပါရှိပြီး၊ ကုမ္ပဏီရဲ့ပြောကြားချက်အရ Dota 2 လိုဂိမ်းမျိုးကို 85fps မှာ full-HD resolution နဲ့ ဆော့ကစားနိုင်တယ်လို့ သိရပါတယ်။

Mi Notebook Air ရဲ့ ဘက်ထရီဟာ ၉.၅ နာရီအထိ အသုံးခံပြီး၊ တခါတည်းပါတဲ့ USB-C အားသွင်းကြိုးကနေ အား ၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းကို နာရီဝက်အတွင်း သွင်းနိုင်မှာဖြစ်ပါတယ်။

နောက်မော်ဒယ်တစ်ခုဖြစ်တဲ့ မျက်နှာပြင် ၁၂.၅ လက်မအကျယ်ရှိ Mi Notebook Air ကတော့ ၁၃.၃ လက်မမော်ဒယ်ထက် ပိုပါးသွားကာ၊ ပိုလည်း ပေါ့သွားပါတယ်။ ဒီအတွက်ကြောင့် ဂရပ်ဖစ်ကတ် သက်သက်ပါလာတော့မှာမဟုတ်သလို၊ storage ကလည်း 128GB SSD ဖြစ်သွားပါတယ်။ ဒါပေမယ့် PCIe slot အပိုတစ်ခုပါရှိတာကြောင့် storage ထပ်တိုးနိုင်ပါသေးတယ်။

ယခု ၁၂.၅ လက်မအကျယ် Mi Notebook Air ဟာ ခရီးဆောင်ပေါ့ပေ့ါးပါးပါးသုံးဖို့အတွက် ရည်ရွယ်ထားတာဖြစ်တာကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ အမြင့်စားကြီးမဟုတ်ဘဲ၊ RAM မှာလည်း 4GB နဲ့ Intel Core-M ပရိုဆက်ဆာအသုံးပြုထားပါတယ်။ အားသာချက်တစ်ခုကတော့ ဘက်ထရီသက်တမ်းပိုများလာပြီး၊ ၁၁.၅ နာရီအထိ အသုံးခံတယ်လို့ ဆိုပါတယ်။  ယခုမော်ဒယ်ဈေးနှုန်းကတော့ ၅၂၀ ဒေါ်လာဖြစ်ပါတယ်။

ယခု Mi Notebook Air လက်ပ်တော့တွေဟာ Mi Band နဲ့ အကွာအဝေးနီးလာတဲ့အခါ အလိုလိုပွင့်သွားအောင် လုပ်ထားနိုင်ပြီး၊ တရုတ်နိုင်ငံမှာ သြဂတ်စ်လ ၂ ရက်နေ့ စတင်ရောင်းချမှာဖြစ်ပါတယ်။ တရုတ်ပြည်ပကို တင်ပို့ ရောင်းချမလားဆိုတာကိုတော့ ကြေငြာရခြင်းမရှိသေးပါဘူး။

minotebookair_new

Ref: Cnet, Engadget

 

%d bloggers like this: