Poco X2 vs Redmi K20: Specs Comparison

Xiaomi ရဲ့ ကုမ္ပဏီခွဲ Poco က အိန္ဒိယမှာ Poco X2 ကို ကြေညာလိုက်ပါပြီ။ သူဟာ Redmi K30 ကို နာမည်ပြောင်းရောင်းချတာ ဖြစ်ပြီး အိန္ဒိယမှာ အရင်မျိုးဆက် Redmi K20 နဲ့ ဈေးတူနေပါတယ်။ Poco X2 ဟာ Redmi K20 ရဲ့ မျိုးဆက်သစ်ဖြစ်တဲ့အတွက် Specs အပိုင်းမှာ ပိုသာမှာ သေချာပေမယ့် သင်နဲ့ ကိုက်ညီတာကို ရွေးချယ်နိုင်ဖို့ နှိုင်းယှဉ်ပေးလိုက်ပါတယ်။

ဈေးနှုန်း

Poco X2 ဟာ Redmi K20 ရဲ့ မျိုးဆက်ဖြစ်ပေမယ့် အိန္ဒိယမှာ ဈေးပိုသက်သာနေပါတယ်။ Poco X2 ရဲ့ 6/64GB ကို ၂၂၅ ဒေါ်လာ၊ 6/128GB ကို ၂၃၉ ဒေါ်လာနဲ့ 8/256GB ကို ၂၈၁ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Redmi K20 ရဲ့ 6/64GB ကို ၂၈၀ ဒေါ်လာနဲ့ ရောင်းပေးနေပါတယ်။ Redmi K20 ထက် Poco X2 ကို ပိုကြိုက်မိပါတယ်။ Poco X2 ဟာ ပေးရတဲ့ ဈေးထက်ပိုတန်ပြီး ရေစက်ရေပေါက်ကို ခံနိုင်ရည်ရှိပါတယ်။ Refresh Rate မြင့်မားပြီး Chipset က ပိုလန်းပါတယ်။ မျက်နှာပြင် ပိုကျယ်ပြီး အားသွင်းစနစ်နဲ့ ဘက်ထရီက ပိုကောင်းပါတယ်။

Redmi K20 ရဲ့ AMOLED မျက်နှာပြင်နဲ့ ကင်မရာတွေကလည်း လန်းပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး လျှော့တွက်လို့တော့ မရပါဘူး။ ဖုန်း ၂ လုံးစလုံးက အလန်းစား စွမ်းရည်သင့် ဖုန်းတွေပါ။ သူတို့ရဲ့ အားသာချက် ၊ အားနည်းချက် အသေးစိတ်ကို အောက်မှာ လေ့လာပါ။

Xiaomi Poco X2 vs Xiaomi Redmi K20: PRO and CONS

Xiaomi Poco X2

PRO
• 120 Hz
• Android 10 out of the box
• Micro SD slot
• Bigger battery
CONS
• LCD display and no UD fingerprint scanner

Xiaomi Redmi K20

PRO
• AMOLED display and UD fingerprint reader
• Holeless design
• Telephoto lens
• More compact
CONS
• Smaller battery

Ref : gizmochina

%d bloggers like this: