Redmi K30 Pro မှာ 4700mAh ဘက်ထရီနဲ့ 33W Fast Charging ပါမည်

Redmi K30 ကို ရောင်းပေးထားပြီဖြစ်ပြီး အိန္ဒိယမှာ Poco X2 နာမည်နဲ့ မနေ့ကပဲ ကြေညာခဲ့ပါတယ်။ Redmi K30 Pro ကို ဒီလထဲမှာ ကြေညာမယ်လို့ ထင်ရပါတယ်။ မကြာခင်ကပဲ သူ့မှာ IMX686 64MP Sensor ပါလာမယ်လို့ သတင်းထွက်ခဲ့ပြီး အခုတော့ 4700mAh ဘက်ထရီနဲ့ 33W Fast Charging ပါမယ်လို့ သတင်းထွက်လာပါတယ်။ အားသွင်းနှုန်းနဲ့ ဘက်ထရီ သက်တမ်းက အရမ်းလန်းသွားမှာပါ။ Redmi K30 မှာလိုပဲ အနောက်ကင်မရာတွေကို ဒေါင်လိုက် တပ်ဆင်ထားနိုင်ပါတယ်။

Redmi K30 Pro ဟာ Redmi K30 နဲ့ K30 5G တို့ထက် များစွာ တိုးတက်လာမှာဖြစ်ပြီး Snapdragon 865 Chipset မောင်းနှင်ထားမှာပါ။ 8GB RAM ပါလာနိုင်ပါတယ်။ Redmi K30 ရဲ့ ကိုယ်ထည်ကိုပဲ သုံးထားနိုင်ပေမယ့် ဘက်ထရီ ပိုကြီးတဲ့အတွက် အလေးချိန်ပိုများလာမှာပါ။ Redmi k30 မှာ 27W Fast Charging ပါတဲ့ 4,500mAh ဘက်ထရီ ထည့်ထားပါတယ်။

Ref : gsmarena

%d bloggers like this: