ကိုရိုနာဗိုင်းရက်စ်ကြောင့် LG နဲ့ ZTE တို့က MWC မှာ မပါဝင်တော့ဘူးလို့ ကြေညာ

ကိုရိုနာဗိုင်းရက်စ်ကြောင့် တရုတ်က စက်ရုံ၊ ရုံးခန်းတွေကို ပိတ်နေကြပါတယ်။ ဒါပေမယ့် အဲဒီဗိုင်းရက်စ်ဟာ တခြား နိုင်ငံတွေမှာပါ ကူးစက်နေပြီဖြစ်တဲ့အတွက် သတိထားရတော့မှာပါ။ အခုတော့ LG နဲ့ ZTE တို့က ဒီလထဲ ဘာစီလိုနာမှာ ကျင်းပမယ့် အထင်ကရ နည်းပညာ ပြပွဲဖြစ်တဲ့ Mobile World Congress မှာ မပါဝင်တော့ဘူးလို့ ကြေညာလိုက်ပါတယ်။

ZTE ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဗိုင်းရက်စ် ကူးစက်မှုတင်မကဘဲ ဗီဇာ နှောင့်နှေးမှုတွေကြောင့် ခရီးသွားဖို့ အဆင်မပြေတဲ့အတွက် MWC မှာ မပါဝင်တော့ဘူးလို့ ပြောပါတယ်။ LG ကလည်း ဝန်ထမ်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဖောက်သည်တွေ ဗိုင်းရက်စ် ကူးစက်မှာစိုးတဲ့အတွက် မပါဝင်တော့ဘူးလို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ LG က ဝန်ထမ်း ရာပေါင်းများစွာဟာ နိုင်ငံခြား ခရီးသွားဖို့ ကန့်သတ်ချက်တွေ ရှိလာပါတယ်လို့ ပြောပါတယ်။

LG က MWC မှာ မပါဝင်တော့ပေမယ့် ၂၀၂၀ ထဲမှာ ထုတ်ကုန် အသစ်တွေကို ကြေညာမယ်လို့ ပြောပါတယ်။ MWC ကို ဦးဆောင်ကျင်းပတဲ့ GSM Association (GSMA) က ဗိုင်းရက်စ်ကြောင့် ပြပွဲကို အနည်းငယ်ပဲ ထိခိုက်မှာ ဖြစ်ပြီး စီစဉ်ထားတဲ့အတိုင်း ကျင်းပမယ်လို့ ပြောပါတယ်။

Ref : gsmarena

%d bloggers like this: