ကိုရိုနာဗိုင်းရက်စ်ကြောင့် Foxconn က ၁၀ ရက်နေ့အထိ တရုတ်က စက်ရုံတွေကို ပိတ်မည်

တရုတ်နိုင်ငံ ဟူဘေးပြည်နယ်မှာ ကိုရိုနာဗိုင်းရက်စ် ကူးစက်မှုကြောင့် Foxconn က ဒီလ ၁၀ ရက်နေ့အထိ တရုတ်က စက်ရုံတွေကို ပိတ်မယ်လို့ သတင်းထွက်လာပါတယ်။ Foxconn က ထုတ်လုပ်ပေးတဲ့ အစိတ်အပိုင်းတွေကို မှီခိုနေရတဲ့ Apple အတွက် ဒီသတင်းက မကောင်းဘဲ နောက်ထုတ်မယ့် iPhone Series တွေ ထုတ်လုပ်ရောင်းချတာ နှောင့်နှေးသွားနိုင်ပါတယ်။ Apple ဟာ iPhone ရောင်းအား ၁၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားမယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပြီး Apple ဟာ ဒီလ ၉ ရက်နေ့အထိ တရုတ်က မြေပြင်စတိုးတွေကို ပိတ်ထားပါတယ်။

Foxconn က ကိုရိုနာဗိုင်းရက်စ်ကြောင့် iPhone ထုတ်လုပ်တာ မနှောင့်နှေးဘူးလို့ ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ ရည်ရွယ်ချက် ပျက်ပြားသွားတော့မယ့်ပုံပေါ်ပါတယ်။ ဒီလို ထုတ်လုပ်မှု မနှောင့်နှေးစေချင်ရင် Foxconn ဟာ ဗီယက်နမ်၊ အိန္ဒိယနဲ့ မက္ကဆီကိုက စက်ရုံတွေကို အားကိုးရမှာပါ။ ဒါ့အပြင် ကိုရိုနာဗိုင်းရက်စ်ကို ထိန်းချုပ်နိုင်ပြီဆိုရင် Foxconn ဟာ တရုတ်က ဝန်ထမ်းတွေကို အချိန်ပို ဆင်းခိုင်းနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: