S865 ဖုန်း ၃ လုံး ဖန်တီးနေတဲ့ Xiaomi

XDA Developers က Xiaomi ဟာ Snapdragon 865 ပါတဲ့ ဖုန်း ၃ လုံးဖန်တီးနေတယ်လို့ ပြောပါတယ်။ Xiaomi က Mi 10 နဲ့ Mi 10 Pro တို့မှာ အဲဒီ Chipset ပါမယ်ဆိုတာ အတည်ပြုထားပြီးပါြပီ။ ဒါ့အပြင် အဲဒီ ဖုန်းတွေမှာ 108MP ကင်မရာတွေ ပါမယ်လို့ သတင်းထွက်နေပါတယ်။

Mi 10 Pro မှာ 66W Fast Charging နဲ့ 16GB RAM , 120Hz Refresh Rate ပါမယ်လို့ သတင်းထွက်နေပါတယ်။ ရိုးရိုး Mi 10 မှာ တူညီတဲ့ 108MP ကင်မရာနဲ့ Chipset ထည့်သွင်းထားပေမယ့် Charging က ပိုနှေးသွားမယ်လို့ ပေါက်ကြားနေပါတယ်။

S865 ပါမယ့် နောက်ထပ် Xiaomi ဖုန်း ၁ လုံးက Redmi K30 Pro ဖြစ်နိုင်ပါတယ်။ Geekbench က ဒေတာတွေအရ သူ့မှာ S865 ပါလာပေမယ့် Redmi K30 Series တွေမှာလို 64MP ကင်မရာကိုပဲ သုံးထားပါတယ်။

Redmi K30 Series တွေမှာ 120Hz မျက်နှာပြင်တွေ ထည့်သွင်းထားပြီး Pro မှာ K30 5G ရဲ့ 30W ထက် ပိုမြန်တဲ့ အားသွင်းနည်းပညာ ပါလာနိုင်ပါတယ်။ K30 ကို အခြေပြုတည်ဆောက်ထားတဲ့ Poco X2 လည်း လာဖို့ရှိနေပါတယ်။ Mi 10 ကို ၁၃ ရက်မှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: