ဒေါ်လာ ၁၂၀ ပဲရှိတဲ့ Samsung Galaxy A01 ကို ကြေညာပြီ

Samsung က Galaxy A01 ကို ဗီယက်နမ်မှာ ကြေညာလိုက်ပြီး ၆ ရက်နေ့မှာ ဒေါင် ၂ ၇၉၀ ၀၀၀ နဲ့ ( ၁၂၀ ဒေါ်လာ) နဲ့ ရောင်းပေးမှာပါ။ မြန်မာငွေ ၁၇၀ ၀၀၀ လောက်ပဲရှိတဲ့အတွက် ဈေးချိုပါတယ်။ ဒါပေမယ့် စွမ်းရည်နိမ့် ဖုန်းပဲဖြစ်ပါတယ်။

Samsung က သူ့ကို ဖန်တီးနေတဲ့ အကြောင်းကို လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ပြောထားပါတယ်။ သူ့မှာ Qualcomm Snapdragon 439 Chipset မောင်းနှင်ထားပြီး အဲဒီ Chipset ကို Vivo နဲ့ Xiaomi တို့က သူတို့ရဲ့ တန်ဖိုးနည်း ဖုန်းတွေမှာ ထည့်သွင်းပေးထားကြပါတယ်။

Galaxy A01 မှာ ၅.၇ လက်မ TFT Infinity-V မျက်နှာပြင် ထည့်သွင်းထားပြီး 1520x720p Resolution ဖြစ်ပါတယ်။ 2GB RAM , 16GB Storage နဲ့ 3000Ah ဘက်ထရီ ပါလာပါတယ်။ အနက်၊ အပြာနဲ့ အနီရောင်တွေ ထုပ်လုပ်ထားပြီး မကြာခင်မှာ အမေရိကန် အပါအဝင် တခြားနိုင်ငံတွေမှာ ရောင်းပေးမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 13MP နဲ့ 2MP Depth ကင်မရာ ၂ လုံးထည့်သွင်းထားပြီး အရှေ့ဘက်မှာ 5MP ကင်မရာ ပါပါတယ်။

Ref : sammobile

%d bloggers like this: