Xiaomi Mi 10 ကို ၁၃ ရက်နေ့မှာ ကြေညာနိုင်

Xiaomi Mi 10 ရဲ့ သတင်းအချက်အလက်များစွာ ပေါက်ကြားထွက်ပေါ်နေပေမယ့် သူ့ကို ကြေညာမယ့်နေ့ကို မသိရသေးပါဘူး။ အခုတော့ Mi 10 နဲ့ Mi 10 Pro တို့ကို ၁၃ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။ ကိုရိုနာဗိုင်းရက်စ် ကူးစက်မှုကြောင့် အွန်လိုင်းကနေပဲ မိတ်ဆက်ပွဲ ပြုလုပ်နိုင်ပြီး တယ်လို့ သတင်းထွက်နေပါတယ်။

Mi 10 ကို ၁၄ ရက်နေ့နဲ့ Mi 10 Pro ကို ၁၈ ရက်နေ့မှာ ရောင်းမယ်လို့ သတင်းထွက်နေပါတယ်။ ပေါက်ကြားနေတဲ့ သတင်းတွေအရ Mi 10 Series တွေမှာ 108MP Samsung ပင်မ ကင်မရာပါလာမယ်လို့ သတင်းအများစုက ပြောထားပါတယ်။ Pro ရဲ့ အနောက်ဘက်မှာ အပို ကင်မရာ ၁ လုံးထည့်သွင်းထားမှာပါ။ Pro မှာ ၆.၄ လက်မ FullHD+ 120Hz OLED မျက်နှာပြင်နဲ့ 16GB RAM အထိ ထည့်သွင်းထားနိုင်ပါတယ်။

Mi 10 Pro မှာ 66W Fast Charging ပါလာနိုင်ပြီး Mi 10 မှာတော့ 66W မဟုတ်ဘဲ 40W Fast Charging ပဲပါလာမယ်လို့ သတင်းထွက်နေပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ Fast Wireless Charging ပါလာမှာဖြစ်ပြီး Pro အတွက် 40W နဲ့ ရိုးရိုးမော်ဒယ်အတွက် 30W ဖြစ်နိုင်ပါတယ်။ Mi 10 Series တွေမှာ Snapdragon 865 Chipset ပါမယ်လို့ Xiaomi က အတည်ပြုထားပြီးပါပြီ။

Ref : gsmarena

%d bloggers like this: