ROG Phone II ယာယီ ပစ္စည်းပြတ်နိုင်တယ်လို့ Asus ပြော

Asus India က အာရှမှာ ကုန်ပစ္စည်း ထုတ်လုပ်မှု ပြတ်တောက်နေတဲ့အတွက် ROG Phone II ယာယီ ပစ္စည်းပြတ်နိုင်တယ်လို့ Fans တွေကို အသိပေးလိုက်ပါတယ်။ ကုမ္ပဏီက ROG Phone II မြန်မြန် ပြန်ထုတ်လုပ်ရောင်းချနိုင်အောင် အစွမ်းကုန် ကြိုးစားမယ်လို့ ပြောပါတယ်။

အိန္ဒိယမှာပဲ ပစ္စည်း ပြတ်မလား၊ ကမ္ဘာအဝန်းမှာပါ ပစ္စည်း ပြတ်မလားဆိုတာ မသိရသေးပါဘူး။ တရုတ်မှာ ကိုရိုနာ ဗိုင်းရက်စ် ကူးစက်တာကြောင့် နည်းပညာ ကုမ္ပဏီတွေဟာ ကုန်ပစ္စည်း ထုတ်လုပ်မှု နှောင့်နှေးနေကြပါတယ်။ Apple က ဒီလ ၉ ရက်နေ့အထိ တရုတ်က မြေပြင် စတိုးတွေကို ပိတ်ထားပါတယ်။ Foxconn က ဗိုင်းရက်စက်ကြောင့် iPhone 9 နဲ့ AirPods ထုတ်လုပ်တာ ထိခိုက်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာ ငြင်းဆိုခဲ့ပါတယ်။

ဗိုင်းရက်စ်ကြောင့် Galaxy S20 Series တွေရဲ့ Accessories တွေ ရောင်းချတာ နောက်ကျမယ်လို့လည်း သတင်းထွက်နေပါတယ်။ Google ကလည်း တရုတ်က ရုံးတွေကို ယာယီ ပိတ်ထားပြီး Facebook က သူ့ ဝန်ထမ်းတွေ တရုတ်ကို ခရီးမသွားဖို့ ညွှန်ကြားထားပါတယ်။

Ref : gsmarena

%d bloggers like this: