Galaxy S20 Series ကို မတ်လ ၆ ရက်နေ့မှာ ရောင်းမည်

Samsung က နောက်လ ၁၁ ရက်နေ့မှာ Galaxy S20 Series နဲ့အတူ Galaxy Z Flip ကို ကြေညာတော့မှာပါ။ S20 ရောင်းမယ့် အချိန်ကိုတော့ ကုမ္ပဏီက မပြောသေးပါဘူး။ အခုတော့ ကုမ္ပဏီရဲ့ အမေရိကန် ဝက်ဘ်ဆိုက်ကနေ ရောင်းမယ့် အချိန်ကို ကြေညာထားပါတယ်။

Samsung က S20 တွေကို အမှာစာတင်သွင်းနိုင်မယ့် ဝက်ဘ်စာမျက်နှာကို ပြုလုပ်ပေးလိုက်ပြီး မတ်လ ၆ ရက်နေ့မှာ ပို့ဆောင်ပေးမယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိမှာ အမှာစာတင်သွင်းနိုင်ပြီ ဖြစ်ပြီး အမှာစာတင်သွားထားသူတွေဟာ Pre Order တင်နိုင်မယ့် နေ့ကို သိရမှာပါ။ Pre Order တင်ထားသူတွေကပဲ ဖုန်း ဝယ်ယူနိုင်မှာဖြစ်ပြီး ဝယ်ယူထားသူတွေကို မတ်လ ၆ ရက်နေ့မှာ ပို့ဆောင်ပေးမှာပါ။

Galaxy Z Flip ကို ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။ အရင် သတင်းတွေအရ သူ့ကို နောက်လမှာ ကြေညာပြီး သိပ်မကြာခင်မှာ ရောင်းမယ်လို့ သိရပါတယ်။ Galaxy S20 Series တွေ မတိုင်ခင်တောင် ရောင်းမယ်လို့ ထင်ပါတယ်။

Ref : gsmarena

%d bloggers like this: