OnePlus Fans တွေက ကုမ္ပဏီရဲ့ စမတ်ဖုန်းတွေမှာ ကြိုးမဲ့ အားသွင်း နည်းပညာ ထည့်သွင်းပေးဖို့ တောင်းဆိုနေကြတာ ကြာပါပြီ။ အခုတော့ သူတို့ရဲ့ ဆန္ဒတွေ ပြည့်ဝတော့မှာ ဖြစ်ပါတယ်။ OnePlus ဟာ WPC (Wireless Power Consortium) စာရင်းမှာ ပါလာတဲ့အတွက် နောက်ထုတ်မယ့် OnePlus 8 Series တွေမှာ ကြိုးမဲ့ အားသွင်း နည်းပညာ ပါလာနိုင်ပါတယ်။
သိပ်မကြာခင်ကလည်း OPPO ဟာ WPC ဝက်ဘ်ဆိုက်မှာ ပါလာတဲ့အတွက် ကုမ္ပဏီရဲ့ နောက်ထုတ်မယ့် စမတ်ဖုန်းတွေမှာ ကြိုးမဲ့အားသွင်း နည်းပညာ ပါလာမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ OnePlus ကလည်း အမှီလိုက်လာတော့မယ် ထင်ပါတယ်။ OnePlus 8 Series တွေမှာ ကြိုးမဲ့အားသွင်းနည်းပညာ ပါလာရင်တော့ ပြိုင်ဖက် စွမ်းရည်မြင့် ဖုန်းတွေကို ရင်ဘောင်တန်းနိုင်တော့မှာပါ။
ဒါပေမယ့် OnePlus 8 Series တွေမှာ ကြိုးမဲ့အားသွင်းနည်းပညာ ပါလာမယ်လို့ ကျိန်းသေ မပြောနိုင်သေးပါဘူး။ သူတို့မှာ ဒီနည်းပညာ ထည့်သွင်းပေးဖို့ အချိန်နောက်ကျနေပြီထင်ပါတယ်။ OnePlus ဒီနှစ်နှောင်းပိုင်းမှာ ထုတ်မယ့် ဖုန်းတွေမှာ ဒီနည်းပညာ ပါလာဖို့ ပိုများပါတယ်။
Ref : gsmarena
You must log in to post a comment.