Foxconn က ကိုရိုနာဗိုင်းရက်စ်ကြောင့် iPhone ထုတ်လုပ်မှု မထိခိုက်ဘူးလို့ ကတိပေး

ကိုရိုနာဗိုင်းရက်စ်ကြောင့် iPhone ထုတ်လုပ်မှု နောက်ကျမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းထွက်ခဲ့ပါတယ်။ အခုတော့ Apple iPhone တွေအတွက် အစိတ်အပိုင်း ထုတ်လုပ်ပေးနေတဲ့ အဓိက ကုမ္ပဏီ ၁ ခုဖြစ်တဲ့ Foxconn က ကိုရိုနာဗိုင်းရက်စ်ကြောင့် iPhone ထုတ်လုပ်မှု မထိခိုက်ဘူးလို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

Foxconn ရဲ့ စက်ရုံကြီး ၁ ခုဟာ ဗိုင်းရက်စ် စတင် ကူးစက်တဲ့ ဝူဟန်မှာ တည်ရှိပါတယ်။ ဒါပေမယ့် တရုတ် နှစ်သစ်ကူး ကာလအတွက် စက်ရုံပိတ်ထားပြီး ဝန်ထမ်းတွေ အားလပ်ရက် ရရှိနေကြပါတယ်။ ဗိုင်းရက်စ် ပျံ့နှံ့မှုကြောင့် အစိုးရက နောက်လ ၂ ရက်နေ့အထိ စက်ရုံ၊ ရုံးတွေ ပိတ်ထားဖို့ ညွှန်ကြားထားပါတယ်။

Tim Cook က တရုတ်က ဗိုင်းရက်စ် ကူးစက်မှု အခြေအနေကို သေချာ လေ့လာစောင့်ကြည့်နေတယ်လို့ ပြောထားပါတယ်။ Apple က သူ့ရဲ့ ဝန်ထမ်းတွေ တရုတ်သွားတာကို ယာယီ ပိတ်ပင်ထားပါတယ်။ ဝူဟန် ဗိုင်းရက်စ်ကို အမြန်ဆုံး နှိမ်နင်းနိုင်ပြီး စက်ရုံ၊ အလုပ်ရုံတွေ ပြန်လည်ပတ်နိုင်ဖို့ ဆုတောင်းကြရမှာပါ။

Ref : gsmarena

%d bloggers like this: