Huawei Mate 30 Pro ဟာ အကောင်းဆုံး ကင်မရာတွေပါတဲ့ စမတ်ဖုန်းတွေထဲက ၁ လုံးပါ။ အခုတော့ JerryRigEverything က သူ့ရဲ့ အကြမ်းခံ စမ်းသပ်တဲ့ ဗီဒီယို မျှဝေလိုက်ပါတယ်။ သူဟာ တည်ဆောက်မှု အရည်အသွေး အရမ်းကောင်းတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။
ဖုန်းရဲ့ ဘယ်နဲ့ ညာဘက်အထိ ဖုံးအုပ်ထားတဲ့ Horizon Display ရဲ့ ဒီဇိုင်းက တစ်မူထူးခြားပါတယ်။ ဒီဇိုင်းက အရမ်း စွဲဆောင်မှု ရှိပါတယ်။ ဒါပေမယ့် Gorilla Glass 6 ဟာ ပုံမှန်ထက် ပိုကွေးညွှတ်နေတဲ့ အတွက် အကြမ်းခံမလားဆိုတာ စိတ်ပူစရာရှိပါတယ်။
JerryRigEverything ရဲ့ ဗီဒီယိုအရ ဒီလို စိုးရိမ်နေတာတွေဟာ တက်တက်စင်အောင် လွဲမှားသွားခဲ့ပါတယ်။ အဲဒီဗီဒီယိုကို အောက်မှာ လေ့လာလိုက်ပါ။
ref : gsmarena
You must log in to post a comment.