OPPO အရာရှိက ကုမ္ပဏီရဲ့ ပထမဆုံး စမတ်နာရီ ဓါတ်ပုံကို မျှဝေ

OPPO က ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပြုလုပ်ခဲ့တဲ့ Inno Day မှာ နောက်ထုတ်မယ့် စမတ်နာရီနဲ့ True Wireless Headphones ကို Tease လုပ်ခဲ့ပါတယ်။ အခုတော့ ဒုတိယ ဥက္ကဌက စမတ်နာရီရဲ့ ပထမဆုံး ဓါတ်ပုံကို မျှဝေလိုက်ပြီး ဘေးဘက်တွေ ကွေးညွှတ်နေတဲ့ လေးထောင့် မျက်နှာပြင် ပါလာပါတယ်။ ဘေးဘက်မှာ ခလုတ် ၂ ခု ထည့်သွင်းထားပါတယ်။

သူ့ရဲ့ ဒီဇိုင်းဟာ Apple Watch နဲ့ တော်‌တော်တူပါတယ်။ မတူတာက Apple Watch မှာ Crown နဲ့ ခလုတ် ၁ ခုစီပဲ ပါတာပါ။ OPPO ရဲ့ စမတ်နာရီမှာ ခလုတ် ၂ ခု ပါပြီး ကြားမှာ အပေါက် ၁ ခု တပ်ဆင်ထားပါတယ်။ ဒါဟာ မိုက်ကရိုဖုန်း ဖြစ်နိုင်ပြီး စမတ်ဖုန်း မလိုဘဲ စမတ်နာရီကနေ ဖုန်း ပြောနိုင်မယ် ထင်ပါတယ်။

သူ့မှာ SIM Slot ပါလာမလား မသိရသေးပါဘူး။ eSIM လည်း ပါလာနိုင်သလို ဈေးသက်သာအောင် ဘလူးတုကိုပဲ သုံးထားနိုင်ပါတယ်။ မတ်လ မကုန်ခင်မှာ ကြေညာနိုင်ပါတယ်။ OPPO က နောက်လမှာ ဘာစီလိုနာတွင် ကျင်းပမယ့် MWC 2020 နည်းပညာ ပြပွဲမှာ ပါဝင် ပြသမယ်လို့ အတည်ပြုထားတဲ့အတွက် အဲဒီပွဲမှာပဲ စမတ်နာရီကို မြင်ရနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: