၆.၅ လက်မ Waterdrop Notch မျက်နှာပြင်နဲ့ Helio G70 ပါလာမယ့် Realme C3

Realme ရဲ့ တန်ဖိုးနည်း ဖုန်း အသစ် ဖြစ်တဲ့ C3 ရဲ့ သတင်းတွေ ထွက်နေပါတယ်။ သူ့ကို နောက်လ ၆ ရက်နေ့မှာ တရားဝင် ကြေညာတော့မှာပါ။ အခုတော့ အိန္ဒိယရဲ့ အွန်လိုင်း စတိုးဖြစ်တဲ့ Flipkart က သူ့ကို ရောင်းဖို့ စာရင်းတင်လိုက်ပြီဖြစ်ပြီး အဓိက Specs တွေကို သိလာရပါပြီ။

သူ့မှာ ၆.၅၂ လက်မ HD+ Waterdrop Notch မျက်နှာပြင် ထည့်သွင်းထားပြီး မျက်နှာပြင် အချိုးက ၈၉.၈ ရာခိုင်နှုန်း ရှိတဲ့အတွက် ဒီဇိုင်း လှပပါတယ်။ နောက်ဆုံးထုတ် MediaTek Helio G70 SoC မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၂ လုံး ထည့်သွင်းထားပြီး 12MP နဲ့ 2MP Depth ဖြစ်ပါတယ်။ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါတဲ့အတွက် ဘက်ထရီ သက်တမ်း တော်တော် လန်းမှာပါ။ 3/32GB နဲ့ 4/64GB တွေ ထုတ်လုပ်ထားပြီး ဈေး မသိရသေးပါဘူး။

Realme C3 specifications

• 6.5-inch (1600 x 720 pixels) HD+ mini-drop display with Corning Gorilla Glass 3+ protection
• Octa Core MediaTek Helio G70 12nm processor (Quad 2GHz Cortex-A75 + Hexa 1.7GHz 6x Cortex-A55 CPUs) with ARM Mali-G52 2EEMC2 GPU
• 3GB LPDDR4x RAM with 32GB eMMC 5.1 storage / 4GB LPDDR4x RAM with 64GB eMMC 5.1 storage, expandable memory up to 256GB with microSD
• Dual SIM (nano + nano + microSD)
• ColorOS 6.1 based on Android 9.0 (Pie), upgradable to realme UI based on Android 10
• 12MP rear camera with f/1.8 aperture, LED flash, 2MP depth sensor with f/2.4 aperture
• front-facing camera
• 3.5mm audio jack, FM Radio
• Dual 4G VoLTE, WiFi 802.11 ac, Bluetooth 5, GPS/ GLONASS/ Beidou
• 5000mAh battery with 10W charging

Ref : fonearena

%d bloggers like this: