Realme Fitness Band ရဲ့ ဓါတ်ပုံ ထွက်ပေါ်လာ

Realme က ကုမ္ပဏီရဲ့ ပထမဆုံး Fitness Band ကို ဖန်တီးနေတယ်ဆိုတဲ့သတင်းတွေထွက်နေပါတယ်။ အခုတော့ Realme India CEO Madhav Sheth ရဲ့ လက်မှာ သူ့ကို ဝတ်ဆင်ထားတာ တွေ့ရပါတယ်။ စကရင်က ပိတ်နေတဲ့အတွက် Color စကရင်လားဆိုတာ မသိရပါဘူး။ Huawei Band 5 လိုပဲ စကရင်ဟာ အနည်းငယ် ကွေးညွှတ်နေတာ မြင်ရပါတယ်။

Redmi 5i ကို ကြေညာတဲ့ ပွဲမှာ CEO Madhav Sheth က နောက်ထုတ်မယ့် Fitness Band ကို Tease လုပ်ခဲ့ပါတယ်။ သူ့က အဲဒီ လက်ပတ်ကို ၀တ်ဆင်ထားတာ မြင်ရပါတယ်။ Realme ရဲ့ ဝိသေသ ဖြစ်တဲ့ အဝါရောင် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ လေးထောင့်ပုံစံ မျက်နှာပြင် တပ်ဆင်ထားတာ မြင်ခဲ့ရပါတယ်။

Realme က ၂၀၂၀ ခုနှစ်မှာ အဓိက ထုတ်လုပ်ရောင်းချမယ့် ထုတ်ကုန် အမျိုးအစား ၃ ခုကို ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလက ပြောကြားခဲ့ပါတ ယ်။ အဲဒါတွေက စမတ်ဖုန်း၊ Software နဲ့ IoT Products တွေ ဖြစ်ပါတယ်။ Sheth က ၂၀၂၀ ခုနှစ် ပထမနှစ်ဝက်မှာ Fitness Band ကို ကြေညာမယ်လို့ အတည်ပြုထားပြီး နောက်လမှာ မျက်ဝါးထင်ထင် မြင်ရနိုင်ပါတယ်။ လက်ရှိမှာ Realme Fitness Band ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။ မကြာခင်မှာ ဒီထက်ပို သိလာရတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: