Poco X2 ရဲ့ Live Photos ထွက်ပေါ်လာ

သတင်းတွေထွက်နေတဲ့ Poco X2 ရဲ့ Live Photos နဲ့ Key Specs တွေ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ ဓါတ်ပုံတွေအရ အရှေ့ ကင်မရာ ၂ လုံးကို ညာဘက် အထက်မှာ Punch Hole Design ထည့်သွ်ငးထားပါတယ်။ ထိပ်ဖက်က Earpiece က အနည်းငယ် ကြီးတာ မြင်ရတဲ့အတွက် စပီကလိုပါ အသုံးပြုနိုင်မယ် ထင်ပါတယ်။ Poco F1 စမတ်ဖုန်းမှာ မပါတဲ့ စတီရီယို စပီကာတွေ ပါလာနိုင်ပါတယ်။

ဓါတ်ပုံတွေအရ Poco X2 ဟာ မကြာခင်က ကြေညာထားတဲ့ Redmi K30 နဲ့ ဒီဇိုင်းတော်တော် တူပါတယ်။ တူညီတဲ့ Chipset နဲ့ 120Hz Screen တွေ ပါလာမယ်လို့ ထင်ပါတယ်။ ကုမ္ပဏီက Poco X2 ရဲ့ Landing Page ကို လွှင့်တင်ထားပြီး သူ့ရဲ့ သတင်းအချက်အလက် တချို့ကို မျှဝေထားပါတယ်။ Poco X2 မှာ 120Hz Refresh Rate ကို သုံးထားမှာ ဖြစ်တဲ့အတွက် ဂိမ်းကစားရင် ၊ ဖုန်း သုံးရင် အရမ်းကို မြန်ပါတယ်။ အနောက်ဘက်မှာ 64MP အပါအဝင် ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ ကင်မရာ ၂ လုံး ထည့်သွင်းထားမှာပါ။ Qualcomm Chipset သုံးထားမယ်လို့ ဖော်ပြထားပြီး Snapdragon 730G ဖြစ်နိုင်ပါတယ်။ Liquid Cooling ပါတဲ့အတွက် ဂိမ်းကစားရင် အပူချိန် လျှော့ချပေးပါတယ်။

Xiaomi က POCO ကို သီးခြား ဘရန်း အဖြစ် ခွဲထုတ်မယ်လို့ မကြာခင်ကပဲ ကြေညာခဲ့ပါတယ်။ Poco F1 ရဲ့ မျိုးဆက်သစ်ကို Poco F2 လို့ နာမည်ပေးထားမယ်လို့ အစောပိုင်းက ထင်ခဲ့ကြပါတယ်။ မကြာခင်ကတော့ Poco X2 လို့ နာမည်ပေးထားမယ်ဆိုတာ သိခဲ့ရပါတယ်။ မကြာခင်ကပဲ ကုမ္ပဏီက သူ့ကို နောက်လ ၄ ရက်နေ့မှာ ကြေညာမယ်လို့ တွစ်တာကနေ အတည်ပြုခဲ့ပါတယ်။

Ref : gsmarena

%d bloggers like this: