Samsung Galaxy Z Flip ရဲ့ ဓါတ်ပုံနဲ့ Specs အပြည့်အစုံ ထွက်ပေါ်လာ

Samsung Galaxy Z Flip ရဲ့ သတင်းအချက်အလက်များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ သူ့ရဲ့ ဓါတ်ပုံနဲ့ Specs အပြည့်အစုံ ထွက်လာပါတယ်။ သူ့မှာ ၆.၇ လက်မ မျက်နှာပြင် ထည့်သွင်းထားပြီး မျက်နှာပြင် အချိုးက 22:9 ဖြစ်ပါတယ်။ Samsung က Infinity Flex Display လို့ သုံးနှုန်းထားပါတယ်။ Full HD+ Resolution ဖြစ်ပြီး HDR+ ထောက်ပံ့ပါတယ်။

အနောက်ဘက်မှာ ၁.၀၆ လက်မ အပို မျက်နှာပြင်ငယ် ထည့်သွင်းထားပြီး 300x116p ဖြစ်ပါတယ်။ မျက်နှာပြင်ငယ်ကို ကင်မရာ ၂ လုံးဘေးနားမှာ တပ်ဆင်ထားပါတယ်။ Always-on Feature ပါလာပြီး Super AMOLED ဖြစ်နိုင်ပါတယ်။ အရောင်တွေကိုပါ ပြသနိုင်မယ်လို့ ထင်ပါတယ်။

• Body: Aluminum and Gorilla Glass build;
• Weight and dimensions: 183g; Folded: 87.4 x 73.6 x 15.4-17.3 mm; Unfolded: 167.9 x 73.6 x 6.9-7.2 mm
• Display: Infinity Flex Full HD+ (2636 x 1080 px) Dynamic AMOLED 6.7-inches (22:9); External: 1.06-inch Super AMOLED with always-on support; 300 x 116 px
• Software: Samsung One UI 2.0 running Android 10
• Chipset: Qualcomm Snapdragon 855+ 7nm
• Memory: 8GB RAM; 256GB UFS 3.0 non-expandable
• Main Cameras: 12MP dual-pixel AF, f/1.8 aperture + 12MP ultra wide f/2.2 123-degree fov; LED Flash, OIS.
• Selfie camera: Infinity-O 10MP dual-pixel AF, f/2.4 aperture
• Video: 4K @ 60fps (main); 4K @ 30fps (selfie)
• Battery: two-part 3,300 mAh battery, Quick Charge 15W support, 9W Qi wireless charging
• Misc: Side-mounted fingerprint scanner, Bluetooth 5.0, Wi-Fi 6, NFC, GPU, GLONASS, Beidou, Galileo

Z Flip ကို ဒေါ်လာ ၁၄၀၀ လောက်နဲ့ ရောင်းမယ်လို့ သတင်းထွက်နေပြီး မြန်မာငွေ သိန်း ၂၀ လောက်ရှိပါတယ်။ နောက်လ ၁၄ ရက်နေ့မှာ ရောင်းနိုင်ပါတယ်။ သူ့ကို Galaxy S20 Series တွေနဲ့အတူ နောက်လ ၁၁ ရက်နေ့မှာ ကြေညာမှာပါ။

Ref : gsmarena

%d bloggers like this: