P30 ထက် ဈေးသက်သာမယ့် Huawei P40 Series

ပြီးခဲ့တဲ့နှစ်က Huawei P30 Pro ကို ယူရို ၁၀၀၀ နဲ့ ရောင်းပေးခဲ့ပြီး P30 က ၈၀၀ ယူရို ရှိပါတယ်။ ဒီနှစ်ထွက်မယ့် P40 Series တွေက P30 ထက် ဈေးပိုသက်သာမယ်လို့ သတင်းထွက်လာပါတယ်။ P40 ကို ၆၀၀ ယူရိုနဲ့ P40 Pro ကို ၈၀၀ ယူရိုနဲ့ ရောင်းနိုင်ပါတယ်။ ဒီနှစ်မှာ တတိယ မော်ဒယ်ဖြစ်တဲ့ P40 Pro Premium Edition ကို ၁၀၀၀ ယူရို သတ်မှတ်ထားနိုင်ပါတယ်။ မြန်မာငွေနဲ့တွက်ရင် အနည်းဆုံးက ၉ သိန်းနဲ့ အများဆုံးက ၁၆ သိန်းလောက်ရှိပါတယ်။

ဒီလို ဈေးသက်သာသွားတာဟာ Google Mobile Service (GMS) မပါလို့ ဖြစ်ပြီး Specs တွေကတော့ အလန်းစားတွေပါ။ Premium မှာ 10x Optical Zoom နဲ့ Pro မှာ 5x ၊ ရိုးရိုးမှာ 3x ပါလာမှာပါ။ Huawei က ပင်မ ကင်မရာကို 52MP နဲ့ အဆင့်မြှင့်ထားမှာဖြစ်ပြီး Quad Curved မျက်နှာပြင် ပါလာမှာပါ။

Google ဟာ GMS လိုင်စင်အတွက် ဥရောပမှာ ရောင်းတဲ့ ဖုန်း ၁ လုံးကို ၄၀ ဒေါ်လာလောက် ယူတယ်လို့ သိရပါတယ်။ P40 Series တွေကို မတ်လကုန်မှာ ပဲရစ်မှာ ကြေညာတော့မှာပါ။

Ref : gsmarena

%d bloggers like this: