ကိုရိုနာဗိုင်းရက်စ်ကြောင့် iPhone 9 နဲ့ AirPods ထုတ်လုပ်မှု ထိခိုက်နိုင်

တရုတ်မှာ ကိုရိုနာဗိုင်းရက်စက် ကူးစက်နေမှုကြောင့် Apple ရဲ့ ကုန်ပစ္စည်းထုတ်လုပ်မှုကို ထိခိုက်စေနိုင်ပါတယ်။ iPhone 9 or SE 2 နဲ့ AirPods တွေ ထုတ်လုပ်မှု နှောင့်နှေးသွားနိုင်ပါတယ်။ ရောဂါပိုး စတင် ပျံ့နှံ့ခဲ့တဲ့ Hubei ပြည်နယ်နဲ့ အိမ်နီးချင်းတွေ ဖြစ်တဲ့ Henan နဲ့ Guangdong ပြည်နယ်တွေမှာ Apple ရဲ့ ကုန်ပစ္စည်းတွေကို အဓိက ထုတ်လုပ်နေတာပါ။

Bloomberg က ဗိုင်းရက်စ် ပျံ့နှံ့မှုကြောင့် iPhone 9 ထုတ်လုပ်မှုကို ထိခိုက်စေမယ်လို့ ပြောပါတယ်။ တရုတ် အာဏာပိုင်တွေက အဲဒီပြည်နယ်တွေက စက်ရုံဝန်ထမ်းတွေကို အလုပ်မသွားဘဲ အိမ်မှာ နေဖို့ ညွှန်ကြားထားပါတယ်။ ဝူဟန်မြို့ကို အဝင်၊ အထွက်လုပ်ဖို့ ပိတ်ပင်ထားပါတယ်။

ဗိုင်းရက်စ်ကြောင့် AirPods 2nd Gen နဲ့ Pros တို့ ထုတ်လုပ်မှုနှေးသွားမယ်လို့ သတင်းထွက်နေပါတယ်။ Apple က ဖေဖော်ဝါရီလမှာ iPhone 9 ကို အမြောက်အများ စတင် ထုတ်လုပ်ပြီး မတ်လမှာ ရောင်းဖို့ စီစဉ်ထားတယ်လို့ သတင်းထွက်နေပါတယ်။ Apple မှာ ကုန်ပစ္စည်းထုတ်လုပ်ဖို့အတွက် အရံ မိတ်ဖက် ကုမ္ပဏီတွေ ရှိပါတယ်။ အဲဒီအတွက် iPhone 9 ကို စီစဉ်ထားတဲ့ အချိန်အတိုင်း ရောင်းနိုင်ပါတယ်။ ဒါပေမယ့် အစောပိုင်းမှာ ပေါပေါများများ ရောင်းနိုင်မှာ မဟုတ်လောက်ပါဘူး။

Ref : gsmarena

%d bloggers like this: