iPhone အဟောင်းတွေအတွက်ပါ iOS 14 ရမယ်လို့ သတင်းထွက်လာ

ပုံမှန်အတိုင်းဆိုရင် iOS Update အသစ်တွေကို iPhone အဟောင်းတွေအတွက် မထောက်ပံ့တော့ပါဘူး။ ဒါပေမယ့် iOS 14 ကိုတော့ iPhone အဟောင်းတွေမှာပါ ထည့်သွင်းပေးမယ်လို့ သတင်းထွက်လာပါတယ်။ ပြင်သစ် ဝက်ဘ်ဆိုက် iPhonesoft က လက်ရှိမှာ iOS 13 ထည့်သွင်းထားတဲ့ Device အားလုံးဟာ iOS 14 ရမယ်လို့ ပြောပါတယ်။ ဒါပေမယ့် iPadOS 14 အတွက် တချို့ တက်ဘလက်တွေကို ချန်လှပ်ထားခဲ့မှာပါ။

iOS 14 ကို iPhone SE နဲ့ iPhone 6s တွေအတွက် ဖြန့်ချိပေးမှာပါ။ အဲဒီနောက်ပိုင်းထုတ် iPhone တွေကတော့ iOS 14 ကို ရမှာ သေချာပါတယ်လို့ သတင်းထွက်လာပါတယ်။ iOS 14 ရမယ့် ဖုန်းတွေက iPhone 11 Pro, iPhone 11 Pro Max, iPhone 11, iPhone XS, iPhone XS Max, iPhone XR, iPhone X, iPhone 8, iPhone 8 Plus, iPhone 7, iPhone 7 Plus, iPhone 6s, iPhone 6s Plus, iPhone SE နဲ့ iPod touch (7th generation) တွေ ဖြစ်ပါတယ်လို့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

iPadOS 14 ရမယ့် တက်ဘလက်တွေက 12.9-inch iPad Pro, 11-inch iPad Pro, 10.5-inch iPad Pro, 9.7-inch iPad Pro, iPad (7th generation), iPad (6th generation), iPad (5th generation), iPad mini (5th generation) နဲ့ iPad Air (3rd generation) တို့ ဖြစ်ပါတယ်။ iOS 13 ထည့်ထားတဲ့ တက်ဘလက် အားလုံးဟာ iPadOS 14 ကို မရကြပါဘူး။ ၂၀၁၅ နဲ့ ၂၀၁၄ က ရောင်းချခဲ့တဲ့ iPad mini 4 နဲ့ iPad Air 2 တို့မှာ မရတော့ပါဘူး။ ဇွန်လမှာ ကျင်းပမယ့် WWDC မှာ iOS 14 နဲ့ iPad OS 14 တို့ကို ကြေညာတော့မှာပါ။

ref : livemint

%d bloggers like this: