Apple က ပထမ ၃ လအတွင်း iPhone SE 2 (၆) သန်း ထုတ်လုပ်မည်

Cowen ရဲ့ လေ့လာဆန်းစစ်သူနဲ့ ဒါရိုက်တာဖြစ်သူ Krish Sankar က Apple ဟာ ဇန်နဝါရီလ ၁ ရက်နေ့ကနေ မတ်လ ၃၁ ရက်နေ့အတွင်းမှာ iPhone SE 2 / iPhone 9 အလုံးရေ ၆ သန်း ထုတ်လုပ်မယ်လို့ ပြောပါတယ်။ iPhone 9 ကို နောက်လမှာ ကြေညာနိုင်ပြီး မတ်လမှာ ရောင်းမယ်လို့ အရင်က သတင်းထွက်ထားပါတယ်။

Sankar က iPhone 9 ကို ၄၇၅ ဒေါ်လာနဲ့ ရောင်းချနိုင်ပြီး ကွာတား ၂ မှာ ထုတ်တဲ့ iPhone အားလုံးရဲ့ ၁၂ ရာခိုင်နှုန်း ရှိလာမှာပါ။ မြန်မာငွေ ၇ သိန်းလောက်ရှိမှာပါ။ Apple ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၀ ရက်နေ့အတွင်း iPhone အလုံးရေ သန်း ၇၀ ထုတ်လုပ်ခဲ့တယ်လို့ သတင်းထွက်နေပြီး အဲဒီထဲက ၅၂ သန်းဟာ iPhone 11 နဲ့ iPhone 11 Pro မော်ဒယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

Sankar က Apple ဟာ ဇွန်လ ၃၀ ရက်နေ့မှာ ကုန်ဆုံးမယ့် ကွာတားမှာ iPhone နောက်ထပ် ၄၃ သန်း ထုတ်လုပ်မယ်လို့ တွက်ချက်ထားပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကနေ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့အတွင်းမှာ iPhone အလုံးရေ ၁၉၅ သန်း ရောင်းချနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ စက်တင်ဘာလမှာ Apple က သူ့ရဲ့ ပထမဆုံး 5G iPhone ကို ကြေညာတော့မှာပါ။

Ref : gsmarena

%d bloggers like this: