နောက်လ ၄ ရက်နေ့မှာ ကြေညာဖို့ သေချာသွားတဲ့ Poco X2

Xiaomi က POCO ကို သီးခြား ဘရန်း အဖြစ် ခွဲထုတ်မယ်လို့ မကြာခင်ကပဲ ကြေညာခဲ့ပါတယ်။ Poco F1 ရဲ့ မျိုးဆက်သစ်ကို Poco F2 လို့ နာမည်ပေးထားမယ်လို့ အစောပိုင်းက ထင်ခဲ့ကြပါတယ်။ မကြာခင်ကတော့ Poco X2 လို့ နာမည်ပေးထားမယ်ဆိုတာ သိခဲ့ရပါတယ်။ အခုတော့ ကုမ္ပဏီက သူ့ကို နောက်လ ၄ ရက်နေ့မှာ ကြေညာမယ်လို့ တွစ်တာကနေ အတည်ပြုလိုက်ပါတယ်။

ကုမ္ပဏီက Poco X2 ရဲ့ Landing Page ကို လွှင့်တင်ထားပြီး သူ့ရဲ့ သတင်းအချက်အလက် တချို့ကို မျှဝေထားပါတယ်။ အဲဒီ Page ကို လေ့လာချင်ရင် poco.in/in/ ကို သွားပါ။ Poco X2 မှာ 120Hz Refresh Rate ကို သုံးထားမှာ ဖြစ်တဲ့အတွက် ဂိမ်းကစားရင် ၊ ဖုန်း သုံးရင် အရမ်းကို မြန်ပါတယ်။ အနောက်ဘက်မှာ 64MP အပါအဝင် ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ ကင်မရာ ၂ လုံး ထည့်သွင်းထားမှာပါ။

Qualcomm Chipset သုံးထားမယ်လို့ ဖော်ပြထားပြီး Snapdragon 730G ဖြစ်နိုင်ပါတယ်။ Liquid Cooling ပါတဲ့အတွက် ဂိမ်းကစားရင် အပူချိန် လျှော့ချပေးပါတယ်။ Poco X2 ဟာ Redmi K30 ကို ပြင်ဆင်ထားတဲ့ မော်ဒယ်လို့လည်း ပြောနိုင်ပါတယ်။

Ref : gsmarena , gizmochina

%d bloggers like this: