Realme C3 ကို FCC မှာ မှတ်ပုံတင်ထားပြီ

Realme နောက်ထုတ်မယ့် C3 စမတ်ဖုန်းကို အမေရိကန် ဆက်သွယ်ရေး ကော်မရှင် (FCC) မှာ မှတ်ပုံတင်ထားပြီးပြီဖြစ်ပေမယ့် အဲဒီမှာ သူ့ရဲ့ သတင်းအချက်အလက်များစွာကို မဖော်ပြထားသေးပါဘူး။ FCC ဆီကနေ ခွင့်ပြုချက်ရပြီးပြီဖြစ်တဲ့အတွက် မကြာခင်မှာ ကြေညာနိုင်ပါတယ်။

FCC က မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်တွေအရ သူ့မှာ Android 10 အခြေပြု နောက်ဆုံးထုတ် ColorOS 7 မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက အဲဒီ Custom UI ကို စမ်းသပ်နေတာဖြစ်ပါတယ်။

FCC မှာ အဲဒီ ဖုန်းရဲ့ အနောက်ဘက် ဒီဇိုင်းကို ပြသထားတဲ့ ပုံကြမ်း ၁ ခုကို တွေ့ရပြီး အနောက်ကင်မရာ ၃ လုံးထည့်သွင်းထားမယ်လို့ ထင်ရပါတယ်။ ကင်မရာတွေကို ဒေါင်လိုက် တပ်ဆင်ထားပြီး လက်ဗွေရာ အာရုံခံ ကိရိယာကိုလည်း အနောက်ဘက်မှာ တပ်ဆင်ထားတာ တွေ့ရပါတယ်။

Ref : gsmarena

%d bloggers like this: