PlayStation 5 ရဲ့ ဗီဒီယို ၁ ခု ထွက်ပေါ်လာ

Gamer တွေ စိတ်ဝင်တစား စောင့်မျှော်နေကြတဲ့ Sony PlayStation 5 ရဲ့ ဗီဒီယို ၁ ခု ထွက်ပေါ်လာပါတယ်။ SlashLeaks က ဒီ ဗီဒီယိုကို မျှဝေထားတာဖြစ်ပြီး ဗီဒီယိုကနေ ဖမ်းယူထားတဲ့ Screenshot ကို အောက်မှာ ဖော်ပြလိုက်ပါတယ်။ ဓါတ်ပုံက မှုန်ဝါးနေတဲ့အတွက် သေချာရှင်းရှင်းလင်းလင်း မမြင်ရပါဘူး။ ဒါပေမယ့် အရင်မျိုးဆက်တွေလို လေးထောင့် ဒီဇိုင်း ဖြစ်ပါတယ်။ Sony က နောက်လ ၂၉ ရက်နေ့မှာ ပွဲ ၁ ခုကျင်းပဖို့ ရှိနေပြီး PS5 ကို ချပြနိုင်ပါတယ်။

PlayStation 5 နဲ့ PSVR 2 တို့ရဲ့ သတင်းအချက်အလက်များ အရင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ PS5 ကို ၂၀၂၀ ခုနှစ်မှာ ရောင်းချမှာပါ။ ၂၀၂၀ ခုနှစ် မတ်လ သို့မဟုတ် နိုဝင်ဘာလမှာ ရောင်းချမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ဟာ PS4 ရောင်းချတဲ့ အချိန်နဲ့ ၇ နှစ်ကွာခြားပါတယ်။

Developers များက PS5 အတွက် Development Kits များကို ရရှိထားပြီးပါပြီ။ ပြီးခဲ့တဲ့ နှစ် ဇွန်လမှာ ကျင်းပတဲ့ E3 2019 မှာ ဆိုနီ မပါဝင်ရခြင်းဟာ PS5 အတွက် ကြိုးစားနေရလို့ ဖြစ်တယ်လို့ သတင်းရထားပါတယ်။ PS5 မှာ Virtual Reality ထောက်ပံံ့မှုဟာ အဓိက လုပ်ဆောင်ချက်များထဲမှ တစ်ခု ဖြစ်လာမယ်လို့ သတင်းထွက်နေပါတယ်။

PSVR 2 Headset မှာ ကင်မရာ ပါလာမှာ ဖြစ်ပြီး Breaker Box မလိုအပ်တော့ပါဘူး။ Headset အတွက် VR လက်အိတ်ကိုလည်း ဆိုနီက ဖန်တီးနေတယ်လို့ ဆိုပါတယ်။ PlayStation Move Controller အသစ်ကိုလည်း ဖန်တီးနေပါတယ်။

Ref : gizchina

%d bloggers like this: