Redmi ရဲ့ Fitness Tracker လာမည်

Redmi ရဲ့ အထွေထွေမန်နေဂျာ Lu Weibing က ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ အနာဂတ်မှာ စမတ်နာရီ ရောင်းမယ်လို့ ပြောခဲ့ဖူးပါတယ်။ အခုတော့ Redmi က Fitness Tracker ကို အရင် ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။ Digital Chat Station က ဝီဘိုမှာ Redmi ရဲ့ Fitness Tracker ဒီဇိုင်းနဲ့ လုပ်ဆောင်ချက်တွေကို မျှဝေလိုက်ပါတယ်။ Mi Fit App ကနေ အဲဒီ ဒေတာတွေ ရလာတယ်လို့ သူက ပြောပါတယ်။

ဓါတ်ပုံအရ Fitness Tracker ဟာ အနက်ရောင်ဖြစ်ပြီး အရွယ်သေး မျက်နှာပြင် ထည့်သွင်းထားပါတယ်။ မျက်နှာပြင်ဘေးဘောင်တွေဟာ အနည်းငယ် ထူနေပါတယ်။ မျက်နှာပြင်ရဲ့ အောက်မှာ Capacitive Button ၁ ခု ပါလာပါတယ်။ Mi Fit App က ဒေတာတွေအရ Fitness Tracker မှာ Watch Faces တွေကို ပြောင်းလဲ အသုံးပြုနိုင်မှာ ဖြစ်ပြီး နှလုံးခုန်နှုန်း တိုင်းတာပေးတာ၊ NFC ကနေ ငွေပေးချေနိုင်တာနဲ့ ဖုန်းက သီချင်းတွေကို ထိန်းချုပ်နိုင်တာတွေကို ပြုလုပ်နိုင်ပါတယ်။

Redmi Fitness Tracker ဟာ Mi Band Series တွေထက် ဈေးသက်သာနိုင်ပါတယ်။ သူ့ကို ကြေညာမယ့် အချိန်ကို မသိရသေးပေမယ့် မကြာခင် ကြေညာနိုင်တယ်လို့ ထင်ပါတယ်။ Redmi Brand ဖြစ်တဲ့အတွက် အိန္ဒိယမှာ အစောဆုံး ကြေညာနိုင်ပါတယ်။

Ref : gizchina

%d bloggers like this: