Samsung Galaxy A21S မှာ Macro ကင်မရာ ပါလာနိုင်

SamMobile က Samsung ဟာ စွမ်းဆောင်ရည်သင့် ဖုန်း အသစ် ၁ လုံးကို ဖန်တီးနေတယ်လို့ ပြောပါတယ်။ A20 ရဲ့ မျိုးဆက် A21s ဖြစ်ပြီး 2MP Macro ကင်မရာ ထည့်သွင်းထားမယ်လို့ သိရပါတယ်။ Samsung က ဒီနှစ်ထဲမှာ စွမ်းရည်နိမ့်နဲ့ စွမ်းရည်သင့် စမတ်ဖုန်းတွေကို ဦးစားပေး ဖန်တီးမှာပါ။ Galaxy A51 နဲ့ A71 တို့ကို မကြာခင်က ကြေညာပြီးပြီ ဖြစ်ပေမယ့် Samsung က ထပ်ကြေညာစရာ မော်ဒယ်များစွာ ကျန်ရှိနေပါသေးတယ်။

ပေါက်ကြားထွက်လာတဲ့ သတင်းတွေအရ Galaxy A21s မှာ 32GB or 64GB Storage တွေ ထည့်သွင်းထားမယ်လို့ သိရပါတယ်။ အနီးကပ် ဓါတ်ပုံတွေကို ရိုက်ကူးပေးနိုင်တဲ့ Macro Mode ပါလာနိုင်ပါတယ်။ အခုနောက်ပိုင်းထုတ် စမတ်ဖုန်း အများစုမှာ Macro ကင်မရာတွေကို ထည့်သွင်းလာကြပါတယ်။

Galaxy A51 နဲ့ A71 မှာလည်း Macro ကင်မရာတွေ ထည့်သွင်းထားပါတယ်။ ဒါပေမယ့် အဲဒီ စမတ်ဖုန်းတွေရဲ့ Macro ကင်မရာက 5MP ဖြစ်ပြီး Galaxy A21s မှာ 2MP ပဲ ပါလာပါတယ်။ Galaxy A21s အတွက် အရောင်များစွာ ထုတ်လုပ်ထားမှာ ဖြစ်ပြီး အပြာ၊ အနက်၊ အဖြူနဲ့ အနီရောင်တွေ ရွေးချယ်နိုင်မှာပါ။ သူ့ကို ကြေညာမယ့်အချိန်ကို မသိရသေးပါဘူး။

Ref : gizchina

%d bloggers like this: