Samsung Galaxy S20 ရဲ့ အညိုနဲ့ ပန်းရောင် ဓါတ်ပုံတွေကို ဒီမှာ ရှိုးလိုက်

Samsung က နောက်လ ၁၁ ရက်နေ့မှာ Galaxy Unpacked Event ကျင်းပမှာ ဖြစ်ပြီး Galaxy S20 Series တွေကို ကြေညာတော့မှာပါ။ မကြေညာခင်မှာလည်း အဲဒီ ဖုန်းတွေရဲ့ သတင်းအချက်အလက်နဲ့ ဓါတ်ပုံတွေလည်း မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း Galaxy S20 ရဲ့ အညိုနဲ့ ပန်း‌ရောင် ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။


ဒါ့အပြင် S20 Series ရဲ့ Case ဓါတ်ပုံတွေလည်း ထွက်ပေါ်လာပါတယ်။

မကြာခင်က Galaxy S20 5G ကို Geekbench မှာ တွေ့ခဲ့ရပါတယ်။ သူဟာ S20 Series တွေထဲမှာ အရွယ်အစား အသေးဆုံး ဖြစ်ပြီး ၆.၂ လက်မ မျက်နှာပြင်၊ 4000mAh ဘက်ထရီတွေ ထည့်သွင်းထားမှာပါ။ Chipset က S20+ , S20 Ultra တို့နဲ့ တူညီပြီး Snapdragon 865/ Exynos 9830 တွေ ပါလာမှာပါ။

Geekbench က စာရင်းအရ 12GB RAM ပါလာမှာဖြစ်ပြီး S20 အားလုံးမှာ အနည်းဆုံးအနေနဲ့ အဲဒီပမာဏ ထည့်သွင်းထားနိုင်ပါတယ်။ Geekbench မှာ စွမ်းဆောင်ရည်ကို စစ်ဆေးထားတဲ့ ရမှတ်တွေကို ဖော်ပြထားပါတယ်။ အဲဒီ အလုံးဟာ Pre-production Unit ဖြစ်နိုင်ပြီး နောက်ဆုံး အဆင့် ထုတ်ကုန်က စွမ်းရည်ပိုမြင့်မားနိုင်ပါတယ်။

S20 ရဲ့ တခြား Specs တွေလည်း ပေါက်ကြားထွက်ပေါ်နေပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးထည့်သွင်းထားမှာြဖစ်ပြီး 12MP Main , 64MP Telephoto နဲ့ 12MP Ultrawide တွေဖြစ်ပါတယ်။ ဘက်ထရီက 4,000mAh ဖြစ်နိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: