TikTok ကို ယှဉ်ပြိုင်တော့မယ့် Vine ရဲ့ မျိုးဆက် Byte

၆ စက္ကန့်ကြာ ဗီဒီယိုအတိုတွေ မျှဝေတဲ့ App ၁ ခုဖြစ်တဲ့ Vine ကို စာဖတ်သူတို့ မှတ်မိကြဦးမယ်လို့ ထင်ပါတယ်။ တွစ်တာက သူ့ကို ဝယ်ယူပြီးနောက်မှာ Vine ကို ပိတ်သိမ်းခဲ့ပါတယ်။ Vine မရှိတော့တဲ့နောက်မှာ TikTok ပေါ်ထွက်လာခဲ့ပြီး အခုဆိုရင် ဆရာကြီး ဖြစ်နေပါပြီ။ အခုတော့ Vine ကို လွမ်းနေသူတွေအတွက် သတင်းကောင်း ထွက်လာပါတယ်။ Vine ကို ဖန်တီးခဲ့သူက Byte အမည်ရ App ကို ဖြန့်ချိပေးလိုက်ပါတယ်။

Byte ကို Android နဲ့ iOS ၂ မျိုးစလုံးအတွက် ဖြန့်ချိပေးလိုက်တာဖြစ်ပြီး သက်ဆိုင်ရာ App Store တွေကနေ ရယူနိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံတိုင်းမှာ‌တော့ မရရှိသေးပါဘူး။ Byte ဟာ ဒီဇိုင်းပိုင်းမှာ Vine ထက် ပိုကောင်းလာပြီး ခေတ်ပိုဆန်လာတယ်လို့ ပြောနိုင်ပါတယ်။

Byte မှာ TikTok လိုမျိုးပဲ ဗီဒီယိုတွေကို Scrolling ပြုလုပ်ပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Byte ကို ဖန်တီးထားသူက TikTok ထက် ပိုလန်းတဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းပေးမယ်လို့ ပြောပါတယ်။ ဗီဒီယို တင်တဲ့ လူတွေကို ဝင်ငွေရရှိအောင် လုပ်ပေးမယ်ဆိုတဲ့အတွက် စိတ်ဝင်စားစရာကောင်းပါတယ်။

Ref : gsmarena

%d bloggers like this: