Redmi 8A အတွက် Android 10 ရတော့မယ်

ပြီးခဲ့တဲ့ နိုဝင်ဘာလက Redmi 8A အတွက် MIUI 11 ကို ဖြန့်ချိပေးခဲ့ပါတယ်။ MIUI 11 မှာ ဒီဇိုင်းအသစ်တွေ အသုံးပြုထားပြီး လုပ်ဆောင်ချက် အသစ်တွေ ပါလာပါတယ်။ ဒါပေမယ့် အဲဒီ MIUI 11 ဟာ Android 9 Pie ကို အခြေပြုထားတာဖြစ်တဲ့အတွက် ဒိတ်အောက်နေပါတယ်။ အခုတော့ Geekbench ရဲ့ စာရင်းအရ Redmi 8A အတွက် Android 10 မကြာခင် ရတော့မယ်ထင်ပါတယ်။

Geekbench မှာ Android 10 ထည့်ထားတဲ့ Redmi 8A ရဲ့ သတင်းအချက်အလက်တွေကို တွေ့ရပါတယ်။ အဲဒီအတွက် မကြာခင်မှာ ဖြန့်ချိပေးနိုင်ပါတယ်။ Xiaomi ကတော့ ဒီသတင်းကို တရားဝင် မပြောသေးပါဘူး။ Redmi 8A ရဲ့ Specs တွေကို အောက်မှာ ထပ်မံ ဖော်ပြလိုက်ပါတယ်။

သူ့မှာ ၆.၂၂ လက်မ HD+ 19:9 Display နဲ့ အရွယ်သေး Notch ထည့်သွင်းထားပါတယ်။ Gorilla Glass 5 နဲ့ ကာကွယ်ထားပြီး Octa-core Snapdragon 439 SoC မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ 12MP နဲ့ အရှေ့ဘက်မှာ 8MP Camera ထည့်ထားပါတယ်။ လက်ဗွေရာ ကိရိယာ မပါဘဲ Face Unlock သာ ပါပါတယ်။

ပလတ်စတစ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး Aura Wave Grip Design ဖြစ်ပါတယ်။ ရေစက်ရေပေါက်တွေကို ခံနိုင်ပါတယ်။ 18W Fast Charge ပါတဲ့ အရွယ်ကြီး 5,000mAh Battery ပါပါတယ်။ ဒီဈေးနဲ့ Type-C ပါလာတာက ပထမဆုံး ပါ။

Redmi 8A specifications

• 6.2-inch (1520 × 720 pixels) HD+ 19:9 2.5D curved glass display with Corning Gorilla Glass 5 protection
• Octa-Core (Quad 1.95GHz Cortex A53 + Quad 1.45GHz Cortex A53) Snapdragon 439 Mobile Platform with Adreno 505 GPU
• 2GB / 3GB RAM with 32GB storage, expandable memory up to 512GB with microSD
• Android 9.0 (Pie) with MIUI 10
• Dual SIM (nano + nano + microSD)
• 12MP rear camera with LED flash, Sony IMX363 sensor, 1.4μm pixel size, f/1.9 aperture, Dual PD auto focus
• 8MP front-facing camera
• Splash resistant (P2i coating)
• 3.5mm audio jack, Wireless FM Radio
• Dimensions: 156.3×75.4×9.4mm; Weight: 188g
• Dual 4G VoLTE, WiFi 802.11 b/g/n, Bluetooth 4.2, GPS + GLONASS, USB Type-C
• 5000mAh (typical) battery with 18W fast charging

Sunset Red, Ocean Blue နဲ့ Midnight Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ သူ့ရဲ့ အကောင်းဆုံး အချက်က ဈေးနှုန်းပါ။ 2/32GB ကို ရူပီး ၆,၄၉၉ နဲ့ 3/32GB ကို ရူပီး ၆,၉၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၁၃၀,၀၀၀ နဲ့ ၁၅၀,၀၀၀ လောက်ပဲရှိပါတယ်။

Ref : fonearena , gsmarena

%d bloggers like this: