Samsung Galaxy S20+, S20 Ultra တွေကို Pre-order တင်ရင် Galaxy Buds+ လက်ဆောင်ပေးမည်

နောက်လ ၁၁ ရက်နေ့မှာ Samsung Galaxy S20 Series တွေကို ကြေညာတော့မှာ ဖြစ်ပြီး မတ်လ ၁၃ ရက်နေ့မှာ ကြိုတင်မှာယူနိုင်မယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ Samsung Galaxy S20+, S20 Ultra တွေကို Pre-order တင်ရင် Galaxy Buds+ လက်ဆောင်ပေးမယ်လို့ သိရပါတယ်။ Galaxy Buds+ ဟာ Samsung ရဲ့ Truly Wireless Earphones ဖြစ်ပါတယ်။

Evan Blass က တွစ်တာကနေ ဒီသတင်းအချက်အလက်ကို မျှဝေလိုက်တာဖြစ်ပြီး Promo ဓါတ်ပုံ ၁ ပုံကိုလည်း တင်ထားပါတယ်။ ဓါတ်ပုံမှာ S20+ , S20 Ultra နဲ့ Buds+ တို့ကို ပြသထားပါတယ်။ Samsung က Galaxy Buds+ ရဲ့ အကြောင်း ဘာမှမပြောသေးပါဘူး။ ဒါပေမယ့် Galaxy S20 Series တွေနဲ့အတူ နောက်လ ၁၁ ရက်နေ့မှာ သူ့ကို ကြေညာနိုင်ပါတယ်။

အရင်ထွက်ခဲ့တဲ့ သတင်းတွေအရ Buds+ မှာ Galaxy Buds ရဲ့ ဒီဇိုင်းကိုပဲ အသုံးပြုထားနိုင်ပြီး Active Noise Cancellation နည်းပညာ မပါလာနိုင်ပါဘူး။ ဒါပေမယ့် ပိုကြီးတဲ့ ဘက်ထရီ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေတဲ့အတွက် ဘက်ထရီ သက်တမ်း ပိုလန်းလာမှာပါ။

Ref : gsmarena

%d bloggers like this: