Motorola က Stylus ပါတဲ့ ဖုန်း ၁ လုံး ဖန်တီးနေ

Motorola က စွမ်းဆောင်ရည်သင့် စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချနေပြီး G နဲ့ E Series တွေဟာ နာမည်ကျော်ကြားပါတယ်။ မကြာခင်ကလည်း နိုင်ငံတချို့မှာ Android One ဖုန်း အနည်းငယ်ကို ရောင်းချပေးခဲ့ပါတယ်။ အခုတော့ ဒစ်ဂျစ်တယ် ဘောပင်ပါတဲ့ ဖုန်း ၁ လုံးကို Motorola က ဖန်တီးနေတဲ့ အထောက်အထားတွေတွေ့လာရပါတယ်။

နာမည်ကျော် Leakster ၁ ယောက်ဖြစ်တဲ့ Evan Blass က ဒစ်ဂျစ်တယ်ဘောပင်ပါတဲ့ Motorola ဖုန်း ၁ လုံးရဲ့ ဓါတ်ပုံ ၁ ပုံကို တွစ်တာမှာ မျှဝေလိုက်ပါတယ်။ Galaxy Note တွေလို ဘောပင်ကို ဖုန်းထဲမှာ စိုက်ထည့်ထားလို့ ရမယ့်ပုံပေါ်ပါတယ်။ အဲဒီဖုန်းဟာ စွမ်းဆောင်ရည်သင့်လား၊ စွမ်းဆောင်ရည်မြင့်လား ဆိုတာ မသိရသေးပါဘူး။ Motorola One Action နဲ့ ဒီဇိုင်း အရမ်း တူနေပေမယ့် Punch Hole ကင်မရာက အရမ်း မကြီးပါဘူး။

ဒစ်ဂျစ်တယ်ဘောပင်ပါတဲ့ စမတ်ဖုန်းဈေးကွက်ဟာ အောင်မြင်နေတဲ့အတွက် Motorola က အဲဒီလို ဖုန်းမျိုးထုတ်မယ်ဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ Samsung Galaxy Note Series တွေဟာ လူကြိုက်အရမ်းများတဲ့ ဖုန်းတွေဖြစ်သလို LG ရဲ့ တန်ဖိုးနည်း Stylo ဖုန်းတွေကလည်း အောင်မြင်ကြပါတယ်။

Ref : androidpolice

%d bloggers like this: