Motorola က Razr 2019 ရဲ့ 5G မော်ဒယ်ကို ဖန်တီးနေ

Motorola Razr 2019 ဟာ ဒီဇိုင်း အရမ်းလန်းတဲ့ Foldable ဖုန်း ဖြစ်ပေမယ့် Snapdragon 710 Chipset ပဲ ထည့်ထားပါတယ်။ 5G ဆက်သွယ်မှု မပါပါဘူး။ အခုတော့ Motorola က အဲဒီဖုန်းရဲ့ 5G မော်ဒယ်ကို ကြေညာတော့မှာ ဖြစ်ပါတယ်။

လက်ရှိမှာ ကိုရိုနာ ဗိုင်းရက်စ် ကူးစက်နေတဲ့ တရုတ်နိုင်ငံ ၊ ဝူဟန်မြို့ရှိ Wuhan International Expo Center မှာ ကြေညာမှာ ဖြစ်ပေမယ့် နေ့ရက် အတိအကျကို မ‌ပြောသေးပါဘူး။ ဝူဟန်မှာ Lenovo ရဲ့ စက်ရုံရှိတဲ့အတွက် အဲဒီ ဖုန်းကို အဲဒီမှာ ထုတ်လုပ်မှာပါ။

5G ပါတဲ့ Motorola Razr ကို ကမ္ဘာအဝန်းမှာ ရောင်းမလားဆိုတာ မသိရသေးပါဘူး။ 5G မပါတဲ့ Razr ကို ဗြိတိန်မှာ ကြိုတင်မှာယူခွင့်ပေးထားပြီး အမေရိကန်မှာ နောက်လ ၆ ရက်နေ့မှာ စတင် ရောင်းပေးမှာပါ။ Verizon ဟာ 5G ကို ထောက်ပံ့ပေးထားပေမယ့် Razr ရဲ့ 4G မော်ဒယ်ကို ရောင်းပေးမှာပါ။ 5G မော်ဒယ်မှာ Chipset အသစ်ပါလာနိုင်ပြီး Snapdragon 765G or MediaTek Dimensity ဖြစ်နိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: