Realme Buds Air Iconic Cover ကို အိန္ဒိယမှာ ရောင်းချ

Realme Buds Air Iconic Cover ကို အိန္ဒိယမှာ ရောင်းချပေးလိုက်ပြီး Buds Air ကို ထည့်ထားနိုင်တဲ့ Case လေး ဖြစ်ပါတယ်။ သူ့မှာ ထိခိုက်မှုကို ခံနိုင်တဲ့ စွမ်းရည်ပါလာပြီး အမြင့်ကနေ အောက်ပြုတ်ကျတာကိုလည်း ခံနိုင်ပါတယ်။ ကြိုးမဲ့အားသွင်းနည်းပညာ ထည့်သွင်းထားပြီး အပြာ၊ အဝါ၊ အဖြူနဲ့ အနက်ရောင်တွေ ထုတ်လုပ်ထားပါတယ်။

R Logo ကို နာမည်ကျော် ဒီဇိုင်း ကုမ္ပဏီ Pentagram က ဖန်တီးပေးထားပါတယ်။ 3D Printing နည်းပညာကို သုံးပြီး ရိုက်နှိပ်ထားတဲ့အတွက် Logo က အရမ်းကို အသက်ဝင် လှပပါတယ်။ ထိတွေ့ ကိုင်တွယ်ရတာလည်း မိုက်ပြီး နားမှာ ဝတ်ဆင်ရင်လည်း သက်တောင့်သက်သာရှိပါတယ်။

Type-C Port အပြင် ကြိုးမဲ့အားသွင်းနည်းပညာ ပါတဲ့အတွက် အားသွင်းမယ်ဆိုရင် ကာဗာကို ချွတ်စရာ မလိုပါဘူး။ ၃၉၉ ရူပီး သတ်မှတ်ထားပြီး ဒီလ ၂၈ ရက်နေ့မှာ Flipkart နဲ့ realme.com တို့ကနေ ရောင်းပေးမှာ ဖြစ်ပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၈ ထောင်လောက်ပဲရှိပါတယ်။

Ref : fonearena

%d bloggers like this: