Realme က 10,000mAh Power Bank ရဲ့ Classic Blue အရောင်ကို ရောင်းချ

Realme က အိန္ဒိယမှာ 10,000mAh Power Bank ကို ဒီလ အစောပိုင်းက ကြေညာပေးခဲ့ပြီး ရူပီး ၁၂၉၉ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂၇ ၀၀၀ လောက်ရှိပါတယ်။ အညို၊ အဝါတောက်တောက်နဲ့ အနီတောက်တောက် အရောင်တွေ ထုတ်လုပ်ထားပါတယ်။ အဲဒီ Power Bank ကို မကြာခင်က ကျင်းပခဲ့တဲ့ IFA 2019 မှာ ကြေညာခဲ့တာ ဖြစ်ပြီး ကုမ္ပဏီရဲ့ ပထမဆုံး Power Bank ဖြစ်ပါတယ်။ အခုတော့ Classic Blue အရောင် အသစ်ကို ရောင်းပေးလိုက်ပါတယ်။ Flipkart နဲ့ Realme.com တို့ကနေ ၂၆ ရက်နေ့မှာ ဝယ်ယူနိုင်မှာ ဖြစ်ပြီး ဈေးက အရင်မော်ဒယ်တွေနဲ့ တူပါတယ်။

Power Bank မှာ USB Type-C Port ၁ ခုနဲ့ USB A Port ၁ ခု ပါပါတယ်။ Type-C Port ကို Input , Output Port အနေနဲ့ သုံးနိုင်ပါတယ်။ Ports ၂ ခုစလုံးမှာ 18W Fast Charging ပါပြီး ၅၆ မိနစ်အတွင်းမှာ iPhone XS Max ကို ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ညာဘက်ထောင့်မှာ ပါဝါ ခလုတ်နဲ့ ဘက်ထရီ ပမာဏကို ပြသတဲ့ LEDs ၄ လုံး တပ်ဆင်ထားပါတယ်။

10,000mAh Lithium Battery ပါပြီး Realme Q ကို ၁.၇၃ ကြိမ်၊ Realme X ကို ၁.၈၆ ကြိမ်နဲ့ iPhone XS ကို ၂.၃ ကြိမ် အားသွင်းပေးနိုင်ပါတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ လက်ပ်တော့ တချို့နဲ့ ချပ်ဝတ်တန်ဆာ ကွန်ပြူတာတွေကိုတောင် အားသွင်းပေးနိုင်တယ်လို့ သိရပါတယ်။ မတူညီတဲ့ Protections ၁၂ မျိုးနဲ့ ကာကွယ်ထားပါတယ်။

Ref : fonearena

%d bloggers like this: