ဖုန်းကင်မရာနဲ့ Professional ကျကျပုံတွေကို ဘယ်လိုရိုက်ကြမလဲ

ယနေ့ခေတ်မှာဆိုရင် စမတ်ဖုန်းကုမ္ပဏီတွေကလည်း နောက်ပိုင်းထွက်လာတဲ့ ဖုန်းအသစ်တွေမှာ mobile photography ကို ပိုပြီးအာရုံစိုက်လာကြသလို ဖုန်းတစ်လုံးမှာ သုံးစွဲသူစိတ်ကြိုက်သုံးပြီး ရိုက်ကူးလို့ရတဲ့ ကင်မရာတွေကို ပိုမိုထည့်သွင်းလာခဲ့ကြပြီ ဖြစ်ပါတယ်။ ဒီလိုစမတ်ဖုန်းတွေမှာ ကင်မရာတွေပိုများလာတာ functionတွေ ပိုစုံလာတာကြောင့်လည်း အရည်အသွေးကောင်းတဲ့ ဓာတ်ပုံ ကောင်းကောင်းတွေကို စမတ်ဖုန်းနဲ့လည်း ဖန်တီးလို့ ရနိုင်နေပြီ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ mobile photography အတွက် အသုံးဝင်မယ့် tips & trips လေးတွေကို ပြောပြပေးချင်ပါတယ်။

 

ရိုးရှင်းလွယ်ကူတဲ့ Rule of Third နည်း

ဓာတ်ပုံတစ်ပုံရိုက်ကူးတဲ့အခါမှာ အရေးအကြီးဆုံး အခြေခံအချက်က Composition (အထားအသို) ပဲ ဖြစ်ပါတယ်။ ဓာတ်ပုံတစ်ပုံက ကိုယ်ထားချင်တဲ့ object အထားအသိုမှန်သွားရင် ကြည့်ကောင်းတဲ့ ပုံကောင်းတစ်ပုံဖြစ်ဖို့ မခဲယှဥ်းပါဘူး။ ဖုန်းနဲ့ဓာတ်ပုံရိုက်တဲ့အခါမှာ Composition မှန်ဖို့အတွက်  အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးနဲ့ ရိုက်ကူးလို့ရမယ့် နည်းလမ်းလေးကတော့ Rule of Third ပဲဖြစ်ပါတယ်။ composition တွေအမျိုးမျိုးရှိပေမယ့် Rule of Third ကတော့ အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံး နည်းလမ်းတစ်ခုပါ။ Rule of Third Grid Line ဖုန်းမှာ ပေါ်အောင်လုပ်ဖို့အတွက် ဖုန်း camera app ထဲကို အရင်ဝင်ရပါမယ်။ ဖုန်းကင်မရာကို ဝင်လိုက်တာနဲ့ setting ထဲက Camera Grid ကို On လို့ရွေးလိုက်တာနဲ့ ကိုယ်ရိုက်မယ့် camera app ထဲမှာ Grid Line ပေါ်လာမှာ ဖြစ်ပါတယ်။ ‌ဒေါင်လိုက်မျဥ်းနဲ့ အလျားလိုက်မျဥ်း ဆုံတဲ့ နေရာတွေမှာ ကိုယ်ရိုက်ချင်တဲ့ လူပဲဖြစ်ဖြစ် အရာဝတ္ထုပဲဖြစ်ဖြစ် Rule of Third ထဲဝင်အောင်ရိုက်ရပါမယ်။ ဒီလို Rule of Third နည်းကိုသုံးပြီး Composition မှန်ပြီးကြည့်ကောင်းတဲ့ ပုံတွေကို ဖန်တီးနိုင်မှာပဲ ဖြစ်ပါတယ်။

Lighting ကောင်းကောင်းရှိတဲ့နေရာကို ရွေးချယ်ပါ

ဓာတ်ပုံရိုက်ကူးတဲ့နေရာမှာ အဓိကအကျဆုံးအချက်ကတော့ အလင်းရောင်‌ကောင်းတဲ့နေရာ၊ အလင်းရောင်ကောင်းတဲ့ အချိန်မျိုးမှာ ရိုက်ဖို့ပါပဲ။ နေ့ဘက်လိုအချိန်မျိုးမှာတောင် အလင်းရောင်မကောင်းတဲ့နေရာမှာ ရိုက်ရင် ဓာတ်ပုံတွေက ဝါးနေတာမျိုးတွေ detail တွေမသေသပ်တာတွေ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် အကြံပေးချင်တဲ့ အကောင်းဆုံး အချိန်ကတော့ “golden hour” လို့ခေါ်တဲ့ နေထွက်ပြီး တစ်နာရီ နဲ့ နေမဝင်ခင် တစ်နာရီပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒီလိုမျိုး အလင်းရောင်ကောင်းကောင်းရတဲ့ အချိန်လေးတွေမှာ ရိုက်မယ်ဆိုရင်တော့ Portrait Mode နဲ့ရိုက်ဖို့အကြံပေးလိုပါတယ်။ OPPO Reno2 F လိုဖုန်းတွေမှာတော့ Portrait Bokeh လိုမျိုး feature တွေပါတာကြောင့် ရှေ့ကြည်နောက်ဝါးပုံလေးတွေ ရိုက်ကူးတဲ့အခါမှာ နောက်ခံလေးကို ဝါးပေးပြီး ကိုယ်လိုချင်တဲ့ subjectကို ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

 

ဖုန်းမှာပါတဲ့ ကင်မရာ function တွေကိုသုံးပါ

ဓာတ်ပုံတစ်ပုံကို သမားရိုးကျရိုက်နေတာထက် မတူညီတဲ့ ရှုထောင့်တွေကနေရိုက်တဲ့ ပုံတွေက ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။ အခုနောက်ပိုင်းဖုန်းတွေမှာဆိုရင် မတူညီတဲ့ ရှုထောင့်တွေကနေ မတူညီတဲ့ပုံတွေကို ဖန်တီးနိုင်ဖို့ ကင်မရာတွေကိုလည်း ပိုမိုထည့်သွင်းလာကြပြီ ဖြစ်ပါတယ်။ OPPO Reno2 F လိုစမတ်ဖုန်းတွေမှာ ဆိုရင် ကင်မရာ (၄)လုံးထိတောင်ပါရှိလာပြီး  ကင်မရာ (၄)လုံးထဲမှာဆိုရင် Ultra Wide Angle ပုံတွေကို ရိုက်ကူးနိုင်ဖို့အတွက် Ultra Wide Angle lens ပါတဲ့အတွက်ကြောင့် တော်တော်လေးအသုံးဝင်ပါတယ်။ သမားရိုးကျရိုက်တာထက် Ultra Wide နဲ့ရိုက်တဲ့ ပုံတွေက မြင်ကွင်းကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေသလို လူနဲ့ရှုခင်းတွေကို တွဲဖက်ရိုက်ကူးမယ်ဆိုရင်လည်း အသင့်တော်ဆုံး function တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းတွေမှာ build in ပါဝင်တဲ့ Pano Mode ကို သုံးပြီး Landscape ပုံကို ဖန်တီးနိုင်တဲ့အပြင် Pano Mode နဲ့ပဲ ဓာတ်ပုံရိုက်တဲ့နေရာမှာ ဖုန်းကို horizontal ထားပြီး subject ကို ရှည်ရှည်သွယ်သွယ်လေးဖြစ်အောင် ရိုက်ကူးလို့ရပါသေးတယ်။

 

Flashlight တွေသုံးတာကို ရှောင်ပါ

တော်တော်များများက မှောင်နေတဲ့အချိန် ဓာတ်ပုံရိုက်ရင် Flash Light တွေဖွင့်ပြီး ရိုက်တတ်ကြတယ်။ Flash Light ကတစ်ချို့အချိန်တွေမှာ အဆင်ပြေတယ်ဆိုပေမယ့် လူပုံတွေရိုက်တဲ့အခါမှာ မျက်လုံးတွေမှာ အလင်းပြန်နေတာမျိုးတွေ လူ့အသားအရောင်ကို အဆင်မပြေစေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါတွေကို ဖြေရှင်းဖို့အတွက် ဖုန်းတွေမှာ အခုနောက်ပိုင်း build in ပါလာတဲ့ Night Mode function တွေကို အသုံးပြုဖို့  အကြံပေးချင်ပါတယ်။ OPPO ကနေနောက်ဆုံးထွက်ထားတဲ့ Reno 2F စမတ်ဖုန်းမှာဆိုရင်‌တော့ Ultra Night Mode 2.0 လိုမျိုး ညဘက် ဓာတ်ပုံရိုက်ကူးဖို့အတွက် function တွေကို ထည့်သွင်းပေးထားတဲ့အတွက် လူ့အသားရောင်တွေကို အဆင်မပြေစေတာမျိုးတွေ မရှိတော့ဘဲ သဘာဝကျတဲ့ ပုံ‌တွေကို ရရှိစေမှာ ဖြစ်ပါတယ်။

 

နောက်ဆုံးအကြံပေးချင်တာလေးကတော့ function တွေလဲစုံ၊ အမျိုးအစားမတူတဲ့ ပုံတွေကိုလည်းရိုက်ကူးလို့ရတဲ့ စမတ်ဖုန်းတစ်လုံးကို သေချာရွေးချယ်ဖို့ပဲ ဖြစ်ပါတယ်။ ကဲအပေါ်က ပြောပြပေးထားတဲ့ အချက်က‌လေးတွေကို သုံးပြီးတော့  အရည်အသွေးကောင်းတဲ့ ဓာတ်ပုံလေးတွေကို ဖန်တီးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဖုန်းနဲ့ ကိုယ်လက်စွမ်းပြထားတဲ့ ပုံလေးတွေရှိရင်လည်း comment မှာ ပေးသွားလို့ရပါတယ်။

#OPPOMyanmar

%d bloggers like this: