Sony Xperia 2 ဟာ 4K မျက်နှာပြင်ပါတဲ့ ပထမဆုံး 5G ဖုန်းဖြစ်လာနိုင်

Sony Xperia 2 ကို နောက်လမှာ ကြေညာတော့မှာဖြစ်ပြီး 5G ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ 5G နဲ့ 4K မျက်နှာပြင်ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။ MyDrivers က ဒီသတင်းကို မျှဝေလိုက်တာဖြစ်ပြီး နောက်မျိုးဆက် စွမ်းရည်မြင့် ဖုန်းလို့သာ ပြောပါတယ်။ ဖုန်း နာမည်ကို မပြောပါဘူး။ အဲဒီဖုန်းဟာ Sony Xperia 2 ဖြစ်ဖို့ များပေမယ့် Sony Xperia 1.1 , Xperia 0 or Xperia 3 စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

4K HDR မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး X55 5G Modem ပါတဲ့ Snapdragon 865 Chipset မောင်းနှင်ထားနိုင်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံးနဲ့ ToF Sensor တွေ ပါလာနိုင်ပါတယ်။ ပင်မ ကင်မရာက 48MP or 64MP ဖြစ်ပြီး 12MP Telephoto နဲ့ 12MP Ultrawide ကင်မရာတွေနဲ့ အားဖြည့်ထားမှာပါ။ အဲဒီဖုန်းဟာ ဒေါ်လာ ၉၀၀ လောက်ရှိနိုင်တဲ့အတွက် ဈေးက မသေးပါဘူး။

နောက်လ MWC ပွဲမှာ ကြေညာနိုင်တာက Xperia 5 Plus ဖြစ်ပါတယ်။ အရွယ်အစား ကျစ်လစ်နိုင်ပေမယ့် မျက်နှာပြင် အရွယ်အစားကို မသိရသေးပါဘူး။ ပေါက်ကြားနေတဲ့ ပုံကြမ်းတွေအရ ဒီဇိုင်းကို ဆန်းသစ်ထားနိုင်ပြီး လက်ဗွေရာ ကိရိယာနဲ့ ပါဝါခလုတ်ကို ပူးတွဲထားနိုင်ပါတယ်။ Snapdragon 865 နဲ့ 5G Modem တွေ ပါလာနိုင်ပါတယ်။

Sony က စွမ်းရည်သင့် ဖုန်း အသစ်တွေကိုလည်း ကြေညာနိုင်ပြီး 5G ပါလာနိုင်ပါတယ်။ Geekbench မှာ ထွက်ပေါ်ခဲ့တဲ့ K8220 မှာ Snapdragon 765G Chipset ထည့်ထားတာတွေ့ရပါတယ်။ နောက်လမှာ Sony ရဲ့ ဖုန်းအသစ်တွေကို မျက်ဝါးထင်ထင်မြင်ရတော့မှာပါ။

Ref : gsmarena

%d bloggers like this: