လာမယ့်လမှာ စတင် ထုတ်လုပ်တော့မယ့် iPhone 9

၂၀၁၆ က မိတ်ဆက်ခဲ့တဲ့ iPhone SE ရဲ့ မျိုးဆက်သစ်ကို စောင့်မျှော်နေတာ တော်တော်ကြာနေပါပြီ။ ဒီနှစ်ထဲမှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့် iPhone SE 2 အစား iPhone 9 နာမည်နဲ့ ထွက်လာနိုင်ပါတယ်။ အခုတော့ Bloomberg က iPhone 9 ကို ဖေဖော်ဝါရီလမှာ စတင် ထုတ်လုပ်ပြီး မတ်လမှာ ကြေညာမယ်လို့ Bloomberg က ပြောပါတယ်။

တန်ဖိုးနည်း iPhone 9 မှာ ၄.၇ လက်မ မျက်နှာပြင် ပါလာမယ်လို့ သတင်းထွက်နေသလို တခြား သတင်းတွေကလည်း ၅.၄ လက်မ မျက်နှာပြင် ထည့်သွင်းထားမယ်လို့ ပြောနေကြပါတယ်။ Touch ID Home Button ပါလာနိင်သလို Touch ID အစား Face ID လည်း ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတ ယ်။

iPhone 9 ရဲ့ သတင်းတွေ မကြာခဏထွက်ပေါ်လာနေပါတယ်။ အရင်ထွက်ခဲ့တဲ့ သတင်းအရ Apple ဟာ iPhone 9 မှာ Samsung အစား LG ရဲ့ LCD Screen ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ Apple ဟာ Samsung အပေါ် မှီခိုနေရတာကို လျှော့ချနေပါတယ်။ ကုမ္ပဏီနှစ်ခုဟာ မိတ်ဖက်တွေ ဖြစ်ခဲ့ပေမယ့် ပြဿနာတွေလည်း တက်နေပါတယ်။

Apple အရေး လေ့လာဆန်းစစ်သူ Ming-Chi Kuo က သူ့ကို ၃၉၉ ဒေါ်လာလောက်နဲ့ ရောင်းနိုင်တယ်လို့ ပြောပါတယ်။ တန်ဖိုးချိုတဲ့ iPhone ဖြစ်ပြီး မြန်မာငွေ ၆ သိန်းလောက်ပဲရှိပါတယ်။ Apple အကြောင်း လေ့လာဆန်းစစ်သူ Ming-Chi Kuo က ဆက်သွယ်မှုပိုကောင်းတဲ့ Liquid Crystal Polymer (LCP) Antenna တပ်ဆင်ထားမယ်လို့ ခန့်မှန်းထားပါတယ်။

သူ့မှာ A13 Chipset , 3GB RAM တွေ ထည့်သွင်းထားနိုင်ပြီး 64GB/128GB Storage တွေ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ iPhone 8 ကို အခြေခံ တည်ဆောက်ထားမှာ ဖြစ်ပြီး မူလ iPhone SE ထက် ကွေးညွှတ်တဲ့ ဒီဇိုင်း ဖြစ်လာမှာပါ။ iPhone 8 ကို အခြေခံ တည်ဆောက်ထားမှာ ဖြစ်ပေမယ့် 3D Touch အစား Haptic Touch ကို အစားထိုးထားမှာ ဖြစ်ပါတယ်။

Kuo က Sliver, Red နဲ့ Space Gray အရောင်တွေ ထုတ်ထားမယ်လို့ ပြောထားပါတယ်။ နှစ်တိုင်း စွမ်းရည်မြင့် iPhone တွေရဲ့ ဈေးက မြင့်မားလာတဲ့အတွက် တန်ဖိုးနည်း ဖုန်းတွေနဲ့ သုံးစွဲသူတွေကို စွဲဆောင်ဖို့ ဆိုတာ Apple အတွက် အရမ်းကို အရေးကြီးပါတယ်။

Ref : fonearena

%d bloggers like this: