Samsung Galaxy S20 5G Series ရဲ့ ဈေးနှုန်းတွေ ထွက်ပေါ်လာ

Samsung Galaxy S20 5G ၃ လုံးဟာ 5G ပါပြီး စွမ်းရည်မြင့်တဲ့အတွက် ဈေးကလည်း အရမ်းမြောက်မှာပါ။ ဒါပေမယ့် 4G မော်ဒယ်တွေကိုလည်း ထုတ်လုပ်ထားမှာ ဖြစ်ပြီး 5G ဈေးထက် ယူရို ၁၀၀ ဈေးသက်သာမှာပါ။ 5G မော်ဒယ်တွေရဲ့ ဈေးနှုန်းတွေကို အောက်မှာ ကြည့်လိုက်ပါ။

အရင်မျိုးဆက်တွေဖြစ်တဲ့ Galaxy S10 e, S10 နဲ့ S10+ တွေကို ၇၅၀ ၊ ၉၀၀ နဲ့ ၁၀၀၀ ယူရိုတွေနဲ့ ရောင်းပေးခဲ့တာပါ။ Ultra ရဲ့ 5G မော်ဒယ်က ၁၅၀ ယူရိုနဲ့ 4G မော်ဒယ်က ၅၀ ယူရို ပိုများမှာပါ။ Unpacked Event ပြီးနောက် မတ်လ ၁၃ ရက်နေ့မှာ အဲဒီ စွမ်းရည်မြင့် ဖုန်း ၃ လုံးကို ပြင်သစ်မှာ ရောင်းချနိုင်ပါတယ်။

အမေရိကန်မှာ ဥရောပထက် ဈေးသက်သာနိုင်ပါတယ်။ 5G မော်ဒယ်အတွက် S20 ကို ၈၅၀ ၊ S20+ ကို ၉၅၀ နဲ့ S20 Ultra ကို ၁၂၀၀ ဒေါ်လာလောက် ရှိနိုင်ပါတယ်။ Samsung ရဲ့ ဒုတိယမြောက် ခေါက်ချိုးဖုန်း Galaxy Z Flip ကို ၁၄၀၀ ယူရိုလောက်နဲ့ ရောင်းနိုင်ပြီး S20 Ultra 5G ထက် ၁၀၀ ယူရို ပိုများနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က Galaxy Fold ကို ၂၀၀၀ ယူရိုနဲ့ ရောင်းပေးခဲ့တဲ့အတွက် မျိုးဆက်သစ် ခေါက်ချိုးဖုန်းဟာ ဈေးအရမ်း သက်သာလာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: