0 Shares 45 Views

Home Screen ကို Landscape အနေအထားမှာ အတည့်ပြသမယ့် Google Now Launcher ရဲ့ ဗားရှင်း အသစ်ထွက်ပေါ်လာ

Jan 17, 2016
0 45

nexus_5x_google_now_launcher_landscape_feature

Google ကုမ္မဏီက ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့တာကတော့ Google Now Launcher ရဲ့ ဗားရှင်း v5.8.45 ကို Beta အဆင့်နဲ့ စမ်းသပ်နေတယ်ဆိုတာပါပဲ။ Google Now Launcher ဗားရှင်းအသစ်မှာ ပါဝင်လာတဲ့ အဓိက ပြောင်းလဲမှုကတော့ Home Screen ကို ကျယ်ပြန့်သောအနေအထား(Landscape) မှာ ပြသမှုအားလုံးကို အတည့်မြင်ရနိုင်မယ့် လုပ်ဆောင်ချက်နဲ့ App တွေကို အမျိုးအစားခွဲခြားခြင်း(app normalisation) လုပ်ဆောင်ချက်တို့ ပါဝင်လာတာပဲဖြစ်ပါတယ်။

ဒါပေမယ့် မကြာခင်မှာပဲ Google က Google Now Launcher ရဲ့  v5.8.47 ကိုထပ်မံထုတ်လုပ်ခဲ့ပြီး အဲဒီဗားရှင်းမှာတော့ App အမျိုးအစားခွဲခြားခြင်း (app normalisation) လုပ်ဆောင်ချက်ကို ပယ်ဖျက်လိုက်ပါတယ်။

Google Now Launcher ရဲ့ ဗားရှင်းအသစ်မှာ Home Screen ကို Landscape အနေအထားမှာ ပြသမှုအားလုံးအတည့်မြင်နိုင်ဖို့အတွက် launcher ရဲ့ Settings menu ထဲမှာရှိတဲ့ Option ကတဆင့် “Allow Rotation” ကို ဖွင့်ပေးရပါတယ်။ အဲဒီလို ဖွင့်ပြီးသွားရင်တော့ Launcher ဟာ Home Screen ၊ App Drawer နဲ့ Now Card တို့ကို ဒေါင်လိုက် ပြသသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Landscape အနေအထားနဲ့ အသုံးပြုတဲ့အခါ App စာရင်းဟာ အရင်ထက်ပိုပြီး App တွေကို ပြသနိုင်သွားပါတယ်။

ရှာဖွေရေးအင်ဂျင် လုပ်ငန်းရှင်ဖြစ်တဲ့ Google ဟာ App Normalisation ဆိုတဲ့ အက်ပလီကေးရှင်းတွေကို အမျိုးအစားခွဲခြားတဲ့ လုပ်ဆောင်ချက်ကိုလည်း မိတ်ဆက်ပေးခဲ့ပါသေးတယ်။ ထို လုပ်ဆောင်ချက် ဟာ Home Screen နဲ့ App List တို့ကို တည်ငြိမ်စေဖို့အတွက် App တွေအားလုံးရဲ့ အရွယ်အစားအတိုင်း အစဉ်လိုက်ပြသပေးတဲ့ လုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။ Google ဟာ ထိုလုပ်ဆောင်ချက်ကို ဖန်တီးဖို့အတွက် Developer တွေအားလုံးကို လမ်းညွှန်ချက် သတ်မှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း တစ်ချို့ က လမ်းညွှန်ချက်ကို မလိုက်နာတဲ့အတွက် App အချို့ ရဲ့ icon တွေဟာ အကြီးအသေး မညီမျှ ဖြစ်ခဲ့ရပြီး ထို လုပ်ဆောင်ချက်ကို ပြန်လည် ပယ်ဖျက်ထားရတာပဲဖြစ်ပါတယ်။

Ref : Gadgets 360

You may be interested

Xiaomi Redmi Note 5 Pro မှာ 60fps ဖြင့် Full HD Video များကို ရိုက်ကူးနိုင်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Redmi Note 5 Pro မှာ 60fps ဖြင့် Full HD Video များကို ရိုက်ကူးနိုင်လာ

Ko Thuya - Jun 25, 2018

တစ်စက္ကန့်လျှင် ၆၀ ဖရိမ်နှုန်းဖြင့် Full HD Video များကို ရိုက်ကူးနိုင်တဲ့ စွမ်းရည်ဟာ Xiaomi Redmi Note 5 Pro ရဲ့ Chinese MIUI 10 Beta မှာ ပါလာပါတယ်။ ဒီသတင်းကို XDA…

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram
NEWS
96 shares32 views

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram

Nwe Oo - Jun 24, 2018

[Zawgyi] ၂၀၁၀ စတည်ထောင်တဲ့အချိန်ကနေ ဒီနေ့ထိဆိုရင် Instagram ကိုအသုံးပြုသူပေါင်း ၁ဘီလီယံရှိသွားပြီဖြစ်ပြီး ဒီကြေညာချက်နဲ့အတူ စိတ်ဝင်စားစရာ App တစ်ခုပါ ထွက်ရှိလာခဲ့ပါပြီ။ သူကတော့ Instragram မှာ ဒေါင်လိုက် ဗီဒီယိုအရှည်တွေကို ကြည့်လို့ရနိုင်မယ့် IGTV ဆိုတဲ့ App အသစ်လေးဖြစ်ပြီး ဗီဒီယိုဖန်တီးသူတွေအတွက်…

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်
Automobiles, Mobiles & Tablets, NEWS
123 shares32 views

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်

Ko Thuya - Jun 24, 2018

စမတ်ဖုန်းများဟာ လူတွေနဲ့ အနီးဆုံးရှိတဲ့ ကိရိယာများ ဖြစ်လာသလို သူ့မှာ စွမ်းရည်များ ပိုမိုများပြားအောင်လည်း ထည့်သွင်းပေးနေကြပါတယ်။ အခုလည်း စမတ်ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါများ ဖွင့်ခြင်းများကို ပြုလုပ်နိုင်မယ့် စံနှုန်းတစ်ခုကို သတ်မှတ်လိုက်ပါတယ်။ Car Connectivity Consortium (CCC) က Digital…

Leave a Comment

Most from this category