Asus Chromebook Flip C436 ကို ဒေါ်လာ ၈၀၀ နဲ့ ရောင်းပြီ

Asus က ဒီလအစောပိုင်းကျင်းပခဲ့တဲ့ CES မှာ စွမ်းရည်မြင့် Chromebook အသစ်ကို ပြသလိုက်ပါတယ်။ Asus Chromebook Flip C436 လို့ နာမည်ပေးထားပြီး အရင်မျိုးဆက် C434 ထက် ပိုပါးလွှာပြီး Processor ကို အဆင့်မြှင့်ထားပါတယ်။ Storage လည်း ပိုပါလာပါတယ်။ စွမ်းရည် ပိုလန်းလာသလို ဈေးကလည်း ပိုမြောက်လာပါတယ်။

Chromebook Flip C436 ကို အမေဇုန်ကနေ ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး နောက်လ ၂၄ ရက်နေ့မှာ ရောင်းမှာပါ။ အခြေခံမော်ဒယ်မှာ Core i3 Processor နဲ့ 8GB RAM ပါပြီး ဒေါ်လာ ၈၀၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၁ သိန်းလောက်ရှိပါတယ်။ Core i5 မော်ဒယ်ကို ဒေါ်လာ ၁၀၀၀ သတ်မှတ်ထားပြီး ၁၄ သိန်း ၅ သောင်းလောက် ကျသင့်မှာပါ။ အဲဒီမော်ဒယ်မှာ 16GB RAM နဲ့ 512GB Storage ထည့်သွင်းထားပါတယ်။

သူ့ရဲ့ ဈေးနဲ့ဆိုရင် Pixelbook / Pixelbook Go နဲ့ Samsung နောက်ထုတ်မယ့် Galaxy Chromebook တို့နဲ့ ယှဉ်ပြိုင်ရမှာပါ။

Ref : androidpolice

%d bloggers like this: