အိန္ဒိယမှာ Samsung Galaxy Note 10 Lite ကို ရောင်းပြီ

Samsung က မကြာခင်က ဥရောပနိုင်ငံတွေအတွက် Galaxy Note 10 Lite ကို ကြေညာခဲ့ပါတယ်။ အခုတော့ အိန္ဒိယမှာ ကြေညာပြီး ရောင်းပေးလိုက်ပါပြီ။ Aura Glow နဲ့ Aura Red အရောင်တွေ ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းတွေကို အောက်မှာ ဖော်ပြထားပါတယ်။

Samsung က Galaxy Note 10 Lite ကို Galaxy S10 Lite နဲ့အတူ ဒီလ အစောပိုင်းက ကြေညာခဲ့တာပါ။ အဲဒီ ဖုန်း ၂ လုံးမှာ တူညီတဲ့ အစိတ်အပိုင်းတွေ ပါပါတယ်။ မျက်နှာပြင် အရွယ်အစား၊ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာတွေက တူကြပါတယ်။ 25W Fast Charging ပါတဲ့ 4500mAh ဘက်ထရီ ပါပါတယ်။ Chipset ကတော့ ကွဲပြားပြီး Note 10 Lite မှာ S Pen အပို ပါပါတယ်။ Note 10 Lite မှာ Exynos 9810 SoC မောင်းနှင်ထားပြီး အနောက်ကင်မရာ ၃ လုံး ပါပါတယ်။

Samsung Galaxy Note10 Lite specifications

• 6.7-inch Full HD+ (2400×1080 pixels) Super AMOLED Infinity-O Display with 394ppi
• Octa-Core Samsung Exynos 9 Series 9810 (Quad 2.7GHz + Quad 1.7GHz) 10nm processor with Mali G72MP18 GPU
• 6GB / 8GB LPDDR4x RAM with 128GB storage (UFS 2.1), expandable memory up to 512GB with microSD
• Android 10 with OneUI 2.0
• Dual SIM
• 12MP Dual Pixel rear camera with LED Flash, f/1.7 aperture, OIS, 12MP Telephoto lens with f/2.4 aperture, OIS, 12MP Ultra Wide sensor with f/2.2 aperture
• 32MP front-facing camera with f/2.2 aperture
• In-display fingerprint sensor
• 3.5mm audio jack, Dolby Atmos
• Dimensions: 76.1 x 163.7 x 8.7mm; Weight: 199g
• Dual 4G VoLTE, Wi-Fi 802.11ac (2.4/5GHz), Bluetooth 5, GPS with GLONASS, USB 3.1, NFC, MST
• 4,500mAh battery with 25W fast charging

6/128GB ကို ၃၈,၉၉၉ ရူပီး နဲ့ 8/128GB ကို ၄၀,၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၈ သိန်းနဲ့ ၈ သိန်း ၄ သောင်းလောက်ကျသင့်မှာပါ။

Ref : fonearena , gsmarena

%d bloggers like this: