Honor Band 5i ကို အိန္ဒိယမှာ ရောင်းချ

Honor က Band 5 ရဲ့ ဈေးသက်သာတဲ့ မော်ဒယ်ဖြစ်တဲ့ Band 5i ကို အိန္ဒိယမှာ ကြေညာလိုက်ပါတယ်။ သူ့မှာ ၀.၉၆ လက်မ LCD Color Touchscreen ထည့်သွင်းထားပြီး Home Button တပ်ဆင်ထားပါတယ်။ Watch Faces တွေ ရွေးချယ်နိုင်တဲ့ Honor Clock Face Store ပါလာမှာပါ။ နှလုံးခုန်နှုန်း တိုင်းတာပေးတဲ့ Honor TruSeen 3.0 Heart Rate Monitor နည်းပညာ ပါပါတယ်။ ရေအနက် ၅၀ မီတာ အထိ ဝတ်ဆင်နိုင်ပြီး ရေကူးတာ၊ ပြေးတာ၊ စက်ဘီးစီးတာတွေလို အားကစားလှုပ်ရှားမှုတွေကို တိုင်းတာပေးတဲ့ လုပ်ဆောင်ချက် ပါလာပါတယ်။

အိပ်စက်မှု အခြေအနေကို တိုင်းတာတွက်ချက်ပေးတဲ့ TruSleep လုပ်ဆောင်ချက် ပါပြီး ကောင်းမွန်စွာ အိပ်ပျော်အောင် ကူညီပေးနိုင်ပါတယ်။ SpO2 Sensor ပါတဲ့အတွက် သွေးတွင်းအောက်ဆီဂျင် ပါဝင်မှု ပမာဏကို တိုင်းတာပေးနိုင်ပါတယ်။ အနက်၊ အစိမ်းနဲ့ ပန်းရောင်တွေ ထုတ်လုပ်ထားပြီး ၁၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၄၂၀ ၀၀၀ လောက်ရှိပါတယ်။

HONOR Band 5i specifications

• 0.96-inch (160×80 pixels) LCD touch color display with customizable Clock faces
• Bluetooth 4.2 LE, Compatible with Android 4.4 (or later) or iOS 9.0 (or later)
• Pedometer, Sleep tracker, 9 Fitness modes, Sedentary reminder
• PPG heart rate sensor for continuous Heart rate tracking
• Call and Message notification, Incoming call mute function
• Water and dust resistant (50 meter / 5 ATM)
• SpO2 sensor
• Music Control for Android 5.0 and above
• Built-in USB connector, Up to 7 days of battery life

Ref: fonearena

%d bloggers like this: