OnePlus 8 Series မှာ 120Hz Fluid Display ပါလာနိုင်

OnePlus က 120Hz Refresh Rate ပါတဲ့ QHD+ OLED Display ကို ဖန်တီးနေပြီး အဲဒီ နည်းပညာကို OnePlus 8 Series တွေမှာ ထည့်သွင်းပေးမှာပါ။ ကုမ္ပဏီက ရှန်ဇန်မှာ ပြုလုပ်တဲ့ Screen နည်းပညာ ပြပွဲမှာ သူ့ နည်းပညာရဲ့ Specs နဲ့ Feature တွေကို ပြသခဲ့ပါတယ်။ 120Hz Refresh Rate ဟာ Display က Content တွေကို ၁ စက္ကန့်လျှင် အကြိမ် ၁၂၀ နှုန်းနဲ့ ပြသပေးနိုင်ပါတယ်။ အဲဒီအတွက် ရုပ်ထွက်တွေက ချောမွတ်ပြီး Navigation လုပ်ရတာ ပိုမိုက်လာပါတယ်။

OnePlus ဟာ အဲဒီ Display နည်းပညာကို ဖန်တီးဖို့ Samsung နဲ့ ပူးပေါင်းခဲ့တယ်လို့ The Verge က ပြောပါတယ်။ စီအီးအို Pete Lau က ကုမ္ပဏီရဲ့ နောက်မျိုးဆက် ဖုန်းတွေမှာ အဲဒီ နည်းပညာကို ထည့်သွင်းပေးမယ်လို့ ပြောထားတဲ့အတွက် OnePlus 8 Series တွေမှာ ဒီနည်းပညာ ပါလာမှာ သေချာနေပါပြီ။

ဒီနှစ်မှာ OnePlus 8 , OnePlus 8 Pro အပြင် OnePlus 8 Lite ကိုပါ ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ မနေ့ကပဲ OnePlus 8 Pro ရဲ့ သတင်းအချက်အလက်တွေ Geekbench ကနေ ထွက်ပေါ်လာပါတယ်။ Android 10 , 12GB RAM နဲ့ Snapdragon 865 Chipset တွေ ပါလာမယ်လို့ သိရပါတယ်။ OnePlus 7 Series တွေကို ဒီနှစ် မေလမှာ ကြေညာခဲ့ပါတယ်။ လာမယ့်နှစ်မှာလည်း မေလမှာပဲ OnePlus 8 နဲ့ OnePlus 8 Pro ကို ကြေညာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: