Xiaomi က Redmi K30 5G မှာ 144Hz Mode ကို သုံးနိုင်မယ်ဆိုတာ ပြသ

မြင့်မားတဲ့ Refresh Rate မျက်နှာပြင်ပါတဲ့ Redmi K30 နဲ့ K30 5G ကို ပြီးခဲ့တဲ့ လက ကြေညာခဲ့ပြီး 120Hz IPS LCD မျက်နှာပြင်ကို သုံးထားပါတယ်။ K30 ဟာ ဒီထက်တောင် စွမ်းဆောင်နိုင်တယ်ဆိုတာကို Xiaomi VP Lu Weibing က ပြသလိုက်ပြီး သူက 144Hz နဲ့ Run နေတဲ့ Redmi K30 5G ရဲ့ ဗီဒီယို ၁ ခုကို မျှဝေလိုက်ပါတယ်။

သူက ဓါတ်ခွဲခန်းမှာ စမ်းသပ်ထားတာ ဖြစ်ပြီး ဒီ နည်းပညာကို Update နဲ့ ဖြန့်ချိပေးမယ့် အချိန်ကို မပြောသွားပါဘူး။ အဲဒီဖုန်းဟာ 144Hz ကို နိုင်နင်းတယ်ဆိုတာ သေချာပါတယ်။ Redmi k20 အတွက် 75Hz နဲ့ Mi 9 အတွက် 84Hz ပံ့ပိုးပေးနိုင်တဲ့ Mi Community က ပြုလုပ်ထားတဲ့ Mod တွေလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် Xiaomi က အဲဒီ Refresh Rate တွေကို Xiaomi က တရားဝင် ဖြန့်ချိ မပေးခဲ့ပါဘူး။ Refresh Rate မြင့်မားလေလေ၊ ဘက်ထရီ စားတာ သက်သာလေလေ ဖြစ်ပါတယ်။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းအရ Xiaomi Mi 10 နဲ့ Mi 10 Pro မှာ 90Hz OLED တွေ ပါမယ်လို့ သိရပါတယ်။ 120Hz နဲ့အထက် မသုံးဘဲ 90Hz ပဲ သုံးထားမယ်ဆိုတာ အံ့အားသင့်စရာ ဖြစ်ပါတယ်။ ဒီသတင်းမှန်မလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref : gsmarena

%d bloggers like this: