5G Apple iPhone တွေ သန်း ၈၀ ကျော်‌ရောင်းချနိုင်မယ်လို့ ခန့်မှန်း

Apple အရေး လေ့လာဆန်းစစ်ရာမှာ နာမည်ကျော်တဲ့ Ming-Chi Kuo က Apple ဟာ ဒီနှစ်မှာ 5G iPhone မော်ဒယ် ၄ လုံးထုတ်လုပ်ရောင်းချမယ်လို့ ခန့်မှန်းထားပါတယ်။ အခုတော့ သူက Apple ဟာ 5G iPhone တွေ သန်း ၈၀ ကနေ ၈၅ သန်းကျော် ရောင်းချနိုင်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ iPhone 11 Series တွေတုန်းက ဟောကိန်းထုတ်ခဲ့တဲ့ ပမာဏနဲ့ သွားတူပါတယ်။

အရင် သတင်းတွေအရ Apple ဟာ sub-6GHz Models တွေကို အရင်ရောင်းမှာ ဖြစ်ပြီး mmWave ဖုန်းတွေကို ၂၀၂၁ ခုနှစ် အစောပိုင်းကျမှ ရောင်းမယ်လို့ သိရပါတယ်။ Kuo က ဒီသတင်းကို ငြင်းဆိုထားပြီး ဒီနှစ် စက်တင်ဘာလမှာ မော်ဒယ် ၂ လုံးကို တစ်ပြိုင်နက် ရောင်းမယ်လို့ ပြောထားပါတယ်။ US, Canada, UK, Japan နဲ့ Korea နိုင်ငံတွေမှာ sub-6GHz နဲ့ mmWave ထောက်ပံ့တဲ့ မော်ဒယ် အားလုံးကို ရောင်းမှာပါ။

Carriers တချို့က sub-6GHz ကိုပဲ ထောက်ပံ့မှာ ဖြစ်ပြီး အဲဒီ စံနှုန်းဟာ mmWave ထက် ပိုနှေးပေမယ့် Coverage ပိုကောင်းပါတယ်။ တန်ဖိုးနည်း iPhone တွေမှာ mmWave မပါဘူးလို့ ထင်ရပါတယ်။

Ref : gsmarena

%d bloggers like this: